မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ကျုံးအရှေ့ဘက်ခြမ်း၊၆၆လမ်း၊လမ်း၂၀နဲ့၂၂ လမ်းကြားက ကျုံးရေပြင်ထဲမှာ ဇူလိုင်လ ၁၉ရက်နေ့ မွန်းလွဲ၂နာရီ၂၀မိနစ်က သေ ဆုံးနေတဲ့အမျိုးသမီးတစ်ဦးရဲ့ ရုပ်အ လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဟုတ်ပါတယ်။ဒီနေ့နေ့လယ်ပိုင်းက ကျုံးအရှေ့ဘက်ခြမ်းက ရေပြင်ထဲမှာ သေဆုံးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းကိုပြည်သူတွေရဲ့ သတင်း ပေးပို့ချက်အရ ကျုံးထဲကဆယ်ပြီး ဆေးရုံ ကြီး ရင်ခွဲရုံကိုပို့လိူက်ပါတယ်။ သေဆုံး ရတဲ့အကြောင်းအရင်းကတော့ဆရာဝန်ရဲ့ ဆေးစစ်ချက်ရမှ သိရမှာပါ´´လို့ တာဝန် ရှိသူတစ်ဦးကပြောပါတယ်။
ကျုံးရေပြင်ထဲရေနစ်သေဆုံးနေသူအမျိုးသမီးမှာ အသက်၃၀နှစ်ခန့်အရွယ်ဖြစ်ပြီး သူမရဲ့ရုပ်အလောင်းကို ဌာနေအရှေ့ လူမှု ကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



Photo–ဌာနေအရှေ့လူမှုကယ်ဆယ် ရေးအဖွဲ့