- ခုန်ချပြီး အဆုံးစီ ရင်ခဲ့တဲ့အမျိုးသားမှာ ဆေးတက္ကသိုလ် ကျောင်းသားဖြစ်နေ

ဓါတ်ပုံ။ MFSD
မန္တလေး၊ မတ် ၂၁
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊၂၆လမ်းနဲ့၇၇လမ်းထောင့်က ကျုံးရေပြင်ထဲကို မတ်လ၂၁ရက် နံနက် ၆ နာရီလောက်က အမျိုးသားတစ်ယောက် ခုန်ချပြီးရေနစ် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဘာကြောင့်ခုလို ကိုယ့်ကိုကိုယ်ရေထဲခုန်ခ ျပြီးသေသွားရတာလဲတော့ မသိဘူး။ကယ် ဆယ်ရေးအဖွဲ့တွေရောက်လာပြီး ကျုံးရေထဲ ခုန်ချသေသွားတဲ့သူရဲ့အလောင်းကို လာ ဆယ်ပေးသွားတယ်´´လို့မြို့ခံတစ်ယောက်ကပြောပါတယ်။
ဖြစ်စဉ်မှာ မတ်လ၂၁ရက် နံနက်၆နာရီ လောက် အောင်မြေသာစံမြို့နယ်၊ ဥပုသ် တော်ရပ်ကွက်၊၂၆လမ်းနဲ့၇၇လမ်း ထောင့် က ကျုံးရေပြင်ထဲကို လူ(၁)ဦး ခုန်ချသွားတယ် လို့သတင်းရရှိတာကြောင့် အောင်မြေသာစံ မြို့နယ်မီးသတ်စခန်းက အုပ်ချုပ် မှုယာဉ် (၁)စီး၊ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေး အသင်း သားတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ရာ နံနက်၆နာရီ ၃၀မိနစ်မှာ ရေနစ်သေဆုံး သူ အမျိုး သားရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စေတနာ မေတ္တာဂရုဏာအသင်းက သူနာတင်ယာဉ် နဲ့ မန္တလေးပြည်သူ့ ဆေးရုံကြီး ကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ သတင်း
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ် ကွက်၊၂၆လမ်းနှင့် ၇၇လမ်းထောင့် ရှိ ကျုံးရေပြင်အတွင်း မတ်လ ၂၁ရက် နံနက်၆နာရီခန့်က အမျိုးသားတစ်ဦးခုန်ချ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တဲ့ သတင်းကိုမြန်မာ့မိုးသောက်သတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
နောက်ဆက်တွဲရရှိခဲ့တဲ့သတင်းတွေအရ ရေနစ်သေဆုံးသွားခဲ့တဲ့အမျိုးသားမှာ အ သက်၂၈နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် တက်ရောက်နေသူဖြစ်တယ်လို့ သိရပါ တယ်။
မိသားစုနဲ့ပြဿနာဖြစ်ပြီး သေဆုံးသွားသူဟာ သူ့အိမ်ကနေ မနက်၄နာရီလောက်က တည်းက ထွက်လာတာတဲ့ သူ့ရဲ့ဦးလေး က လိုက်ခေါ်ပေမယ့် မရတော့ဘဲ လက်လှမ်း ဆွဲချိန်တောင်မရဘူး ကျုံးရေပြင်ထဲခုန်ချ သွားတာလို့ သိရပါတယ်။