မန္တလေး ကျုံးရေပြင်ထဲက အမျိုးသားတစ်ဦး ရုပ်အလောင်းဆယ်ယူရရှိ

မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်၊၁၂လမ်းနဲ့၇၈ လမ်းအနီး၊ကျုံး မြောက်ဘက်ခြမ်းရေပြင်ထဲကနေ ဒီဇင်ဘာလ ၁၁ရက်မနက်ပိုင်းက အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျုံးရေထဲမှာ ဘာကြောင့် ရေနစ်သေသွားတာလဲတော့ သေချာ မသိရသေးဘူး။အလောင်းရေပေါ် ပေါ်နေတာကို ကျုံးဘေး လမ်းလျှောက်တဲ့သူတွေက တွေလို့ အ ကြောင်းကြားတာကြောင့် လူမှုရေးအသင်းတစ်သင်းက ဆက်ပြီးလာသယ်သွားတာ တွေ့လိုက်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကျုံးမြောက်ဘက်ခြမ်းရေပြင်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ အ မျိုးသားရဲ့ရုပ်အလောင်းကို ပရဟိတမင်းခေါင် ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့မှ ဆယ်ယူပြီးနောက် လူနာတင်ယာဥ်နဲ့မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *