မန္တလေးအိုးဘိုဗဟိုအကျဉ်းထောင်ကနေ ၁၀တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ၂၉ယောက်လုံး စာမေးပွဲ အောင်မြင်

မြန်မာနိုင်ငံမှာ ဇွန်လ၉ရက်နေ့မနက်ပိုင်း ၁၀တန်းစာမေးပွဲ(တက္ကသိုလ်ဝင်တန်း) အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး ထောင်တွင်းကနေ ၁၀တန်းစာမေးပွဲဝင်ရောက် ဖြေဆိုခဲ့တဲ့ အကျဉ်း သား/အကျဉ်းသူ၂၉ယောက်စလုံးမှာ ဂုဏ်ထူးများနဲ့ စာမေးပွဲအောင်မြင်ခဲ့ကြ တယ်လို့ အကျဉ်းဦးစီးဌာနနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်လုံးမှာ စာမေးပွဲဝင် ရောက်ဖြေဆိုသူ ၁၆၁၈၅၀ယောက် ရှိခဲ့ပြီး အောင်မြင်သူမှာ ၁၀၉၈၅၁ယောက် ရှိခဲ့သောကြောင့် အောင်ချက်အနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *