မန္တလေးအိုးပုတ်ပွဲတော်ကို လာရောက် လည်ပတ်သူများပြားခဲ့

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၊အိုး ဘို၊ ရွှေကျင်ရပ်ကွက်၊အကွက်(၅၂) ပတ္တမြားတောရပ်ကွက်မှာ သြဂုတ်လ ၂၄ရက်ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ မန္တလေးအိုးပုတ်ပွဲတော်ကို လာရောက် လည်ပတ်သူများပြားခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

“အိုးပုတ်ပွဲက တစ်နှစ်မှာ တစ်လ တစ် လမှာ တစ်ရက် တစ်ရက်မှာ တစ်ညနေ ထဲ ကျင်းပလေ့ရှိတဲ့ပွဲတော်တစ်ခုပါ။ ပွဲ တော်ကျင်းပတဲ့ ဝါခေါင်လဆန်း၈ရက်နေ့ ညနေဆိုရင် လူတွေကြိတ်ကြိတ်တိုးစည် ကားပါတယ်။ဒါပေမယ့်ကိုဗစ်စပြီ ဆိုက တည်းက တောင်ပြုံးပွဲလည်းမဖြစ်တော့ အိုးပုတ်ပွဲလည်း မလုပ်ဖြစ်တော့ဘူး။ အ ကြောင်းအမျိုးမျိူးကြောင့် အိုးပုတ်ပွဲခြောက်ကပ်နေရာကနေ ဒီနှစ်မှာ ပွဲ လုပ်မယ်ဆိုတဲ့အသံကို ကြိုထွက်ထားတော့ ပွဲငတ်နေသူတွေ၊မရောက်ဖူးသေးတဲ့သူတွေ၊ဘဝအမောတွေကြားက ရုန်းထွက်ချင်သူ တွေကြောင့် ဒီနှစ် အိုးပုတ်ပွဲကတော် တော်လေးပြန်စည်လာပါတယ်´´လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အိုးပုတ်ပွဲတော်မှာ အိုးပုတ်သည် တွေ အပြင် မြေထည်ပစ္စည်းရောင်းသူတွေ၊ မြန်မာ့ရိုးရာမုန့်မျိုးစုံရောင်းသူတွေ၊၁၂ပွဲ ဈေးသည်တွေ၊လူသုံးကုန်ပစ္စည်းရောင်းသူတွေအပါအဝင် ပွဲတော်မှာ လာရောင်း နေကြဈေးသည်တွေ လာပြီး ဈေးရောင်း ခဲ့ကြတာကို တွေ့ရပါတယ်။

မန္တလေးအိုးပုတ်ပွဲကို ဘယ်အချိန် က စပြီး ကျင်းပခဲ့တာကို မသိရပေမယ့် ပွဲ တော်ကျင်းပခဲ့တာဟာ နှစ်ပေါင်း၁၀၀ ကျော်နေပြီလို့ ဆိုကြပေမယ့် မင်းတုန်း မင်းလက်ထက်ကတည်းက ပွဲတော်ကို ကျင်းပလာတာဆိုတော့ မင်းတုန်းမင်းရဲ့ နန်းစံသက်အရတွက်မယ်ဆိုရင် အိုးပုတ်ပွဲတော်ကျင်းပလာတာဟာ နှစ် ပေါင်း ၁၅၀လောက်ရှိပြီလို့ သတ်မှတ် ရတော့မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *