မန္တလေးမှာ LEDမီးအပူလွန်ကဲရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွား

မီးလောင်မှုကြောင့် သွပ်မိုးပျဥ်ထောင်နေအိမ်အ ပေါ်ထပ်နဲ့အိမ်အတွင်းပစ္စည်းများ ဆုံးရှုံးခဲ့ရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅လမ်းနဲ့၇၆လမ်းကြား၊ ၂လမ်းကြားက နေအိမ်တစ်အိမ်မှာ မေလ၂၄ရက် မ နက်၁၀နာရီ၅၂မိနစ်က LEDမီးအပူလွန်ကဲရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဖြစ်စဥ်မှာ မေလ၂၄ရက် မ နက်၁၀နာရီ၅၂မိနစ်ကအောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ အ ကွက်(၃၆)၊ ၇၅လမ်းနဲ့၇၆လမ်းကြား၊ ၂လမ်းကြားကဒေါ်…ပိုင်ဆိုင်တဲ့ (၆၀×၆၀)ပေ၊ သွပ်မိုး အောက်ထပ်နံကပ်၊ သံမန်တလင်းခင်း ၊အပေါ်ထပ် ပျဉ်ထောင် ပျဉ်ခင်း (၂) ထပ်မှာ နေထိုင်တဲ့ ဦး…(၄၀နှစ်)ရဲ့ အိမ်အပေါ်ထပ်နံရံမှာ တပ်ဆင်ထားတဲ့ 50W LED မီးသီး အပူလွန်ကဲပြီး အောက်ရှိအဝတ်အစားများပေါ်ကို မီးပွားကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် အပေါ်ထပ် (၃၀×၃၀)ပေ သွပ်မိုး ပျဉ် ထောင်၊ပျဉ်ခင်းနဲ့အိမ်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး Level (1)ယာဉ်အုပ်စု မီးငြှိမ်းသတ် ယာဉ်(၁၅)စီး၊ရေသယ်ယာဉ်(၅)စီး၊အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၈၀)ဦးတို့ဖြင့်သွားရောက်ငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Photo- Than Htay

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *