မန္တလေးမှာ (၃)ရက်ကြာပျောက်ဆုံး နေတဲ့ အသက်(၄)နှစ်အရွယ်ကလေး ငယ်ကို ရေမြောင်းတစ်ခုအတွင်း သေ ဆုံးလျှက်တွေ့ရှိခဲ့

မန္တလေးမြို့၊၅၉လမ်းနဲ့၁၁၃လမ်းအနီးက ရေ မြောင်းအတွင်းမှာ နေအိမ်ကနေ (၃)ရက်ကြာပျောက်ဆုံးနေတဲ့ အသက် (၄)နှစ်အရွယ်ကလေးငယ်ကို သြဂုတ်လ ၁၆ရက်နေ့မနက်ပိုင်းက သေဆုံးလျှက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ လူမှုကူညီ ရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါ တယ်။

“ကလေးက ဘယ်လိုပျောက်သွားတာလဲ တော့မသိဘူး။ကလေးပျောက်နေလို့ဆိုတဲ့ပို့စ်ကို မနေ့က လူမှုကွန်ယက်စာမျက်နှာ မှာတွေ့လိုက်မိတယ်။ဒီနေ့မနက်ကျတော့ အဲ့ဒီပျောက်နေတဲ့ကလေးရဲ့ အလောင်းကို ရေမြောင်းတစ်ခုထဲမှာ ရှာတွေ့ခဲ့တယ် တဲ့´´လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ရေမြောင်းအတွင်းမှာ သေဆုံးလျှက် တွေ့ရှိခဲ့ရတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်း ကို လူမှုကူညီအသင်းက မော်တော်ယာဉ် နဲ့ မိဘများနေအိမ်ကို ပို့ဆောင်ကူညီပေးခဲ့ တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *