မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊သင်္ဘောတန်းရပ်၊အကွက်(၁၉၅)မှာ ဒီဇင်ဘာ လ ၂၅ရက် ညပိုင်းက ၃နှစ်အရွယ်ကလေးငယ်တစ်ဦး ရေ မြောင်းထဲပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


သေဆုံးခဲ့ရတဲ့ကလေးငယ်ဟာ အိမ်ကနေပျောက်သွားလို့ မီးသတ်တပ်ဖွဲ့ရဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို အကူအ ညီတောင်းပြီး ဖြစ်နိုင်ချေရှိတဲ့နေရာတွေကို ရှာ ဖွေခဲ့ရာမှာ အိမ်အနောက်မြောက်ဘက် ရေမြောင်းပြွန်နဲ့တံတားအကူးနေရာမှာ ကလေးငယ်ရဲ့ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရတာလို့ သိရပါတယ်။


ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အောင်မြေသာစံမြို့ နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူး၊သီရိမာလာအနောက်အရန်မီးသတ်တပ်ဖွဲ့ ၊ အောင်မြေအရန် မီး သတ်တပ်ဖွဲ့နဲ့ ညောင်ကွဲအရန်မီးသတ်တပ်ဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Visited 43 times, 1 visit(s) today



