မန္တလေးမှာ အိမ်ငှားနေသူတွေက အိမ်ရှင်ရဲ့ လေးနှစ်အရွယ် ကလေးကို ခိုးယူမှုဖြစ်ပွား

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ဂ/ရပ်ကွက်က နေ အိမ်တစ်အိမ်မှာ ဇန်နဝါရီလ၂၂ရက် မနက်ပိုင်းက အိမ်ငှားနေသူ တွေက အိမ်ရှင်ဖြစ်သူရဲ့လေးနှစ်အရွယ်က လေးငယ်ကို ခိုးယူပြီး ငွေကျပ်သိန်း၅၀၀နဲ့ ချိန်းခြောက်ငွေတောင်းခံမှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကလေးကို ခိုးတဲ့ လင်မယားနဲ့အဖော်ကောင်မလေးတို့ကို အိမ်ရှင်က အိမ်ဆက်မငှားတော့ဘူးလို့ ပြောပြီးတဲ့နောက်ပိုင်းမှာ ကလေးကို ခိုးသွားကြတာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၂၂ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ဂ/ရပ်ကွက်က နေအိမ်တစ်အိမ်မှာ အိမ်ငှားနေသူ တွေက အိမ်ရှင်ဖြစ်သူရဲ့လေးနှစ်အရွယ်က လေးငယ်ကို ခိုးယူပြီး အမရပူရမြို့နယ် ဆောက်လုပ်ဆဲ ကျောက်စိမ်းဥယျာဉ်တိုက်တန်းမှာငွေကျပ်သိန်း၅၀၀နဲ့ လာရွေးဖို့ ဖုန်းမက်ဆေ့ပို့ ချိန်းခြောက်ငွေတောင်းခံခဲ့တာကြောင့် ကလေးမိဘတွေဟာ ချိန်းဆိုရာနေရာကို သွားရောက်ပြီး ကလေးကို ပြန်ခေါ်ခဲ့ရာ ဆောက်လုပ်ရေးဝန်ထမ်းလုံခြုံရေးအဖွဲ့နဲ့အနီးပတ်ဝန်း ကျင်ပြည်သူများက ကလေးခိုးယူခဲ့သူများကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး မြစ်ငယ်ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *