မန္တလေးမှာ အသက်၆၀ကျော်အဘွားတစ်ဦး Heat Storke ဖြစ်ပြီး ရုတ်တရက်သတိလစ်သွား

  • မဏီစလလူမှုကူညီရေးအသင်းက အရေးပေါ်ကုသမှုများဆောင်ရွက်ပေးပြီး အသက်ကယ်ပေးခဲ့

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၈၄လမ်းနဲ့၃၇ လမ်းအနီးမှာ မေလ၁၆ရက်နေ့လယ်ပိုင်းက အသက် ၆၀ကျော်အဘွားတစ်ဦး Heat Storkeဖြစ်ပြီး ရုတ် တရက်သတိလစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Heat Storkeဖြစ်ခဲ့တဲ့အဘွားကို မဏီစလလူမှုကူညီရေးအသင်းက အသင်းရုံးကို ခေါ်ဆောင်ပြီး အပူရှိန်ကျစေဖို့အတွက် ရေခဲရေများ လောင်းချိုးခဲ့ရပြီး မဏီစလလူမှုကူညီရေးအသင်းရဲ့ပရဟိတ ဆေးခန်းမှ Doctor နှင့် Nurseများတို့က လိုအပ်တဲ့ ဆေးဝါးများနှင့်အောက်ဆီဂျင်တို့ ပေးခဲ့ပြီးနောက် သတိပြန်ရလာခဲ့တယ်လို့ သိရပါတယ်။

သတိပြန်ရလာပြီဖြစ်တဲ့အဘွားကို မဏီစလအသင်းက ခေါ်ယူစောင့်ရှောက်ထားပြီး အဘွားရဲ့မိသားစုများ သိရှိပါက ၃၆လမ်းနဲ့ 86လမ်းထောင့်က အသင်းရုံးမှာ လာရောက်ဆက်သွယ်ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *