မန္တလေးမှာ အမျိုးသားတစ်ဦး ဆိုင်ကယ်ရိုက်လုခံရ

■အုပ်စုဖွဲ့ ရိုက်လုသွားတာဖြစ်

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၆၆လမ်းနဲ့၁၃၃ လမ်းအနီးမှာ မတ်လ၃ရက်နေ့ည၉နာရီခွဲခန့်က အမျိုး သားတစ်ဦးကို လူတစ်စုမှ ရိုက်နှက်ပြီး ဆိုင်ကယ်ကို လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆိုင်ကယ်စီးတဲ့သူတွေကို ဓါးနဲ့ထိုးပြီးဆိုင်ကယ်လုတဲ့အဖွဲ့ကို ပြီးခဲ့တဲ့လက မိသွားပြီဆိုပေမယ့် လူ့အသက်အန္တရာယ် ပြုပြီး ဆိုင်ကယ်လုတဲ့အဖွဲ့တွေ မန္တလေးမှာ ရှိနေဆဲဖြစ်ပါတယ်။သက်ဆိုင်ရာက စီမံချက်ချဖမ်းဆီးပြီး ထိရောက်တဲ့အရေးယူမှုတွေ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ပြည်သူ့ဆီချပြဖို့လိုပါတယ်။ဒါမှသာ ဆိုင်ကယ်လုတဲ့အဖွဲ့ လျော့နည်းသွားပြီး ပြည်သူလည်း စိတ်အေးချမ်းသာစွာ လမ်းပေါ်မှာ သွားလာနိုင်မှာဖြစ်ပါတယ်” လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ဖြစ်စဥ်မှာ မတ်လ၃ရက်နေ့ည၉နာရီခွဲက ပြည်ကြီးတံ ခွန်မြို့ နယ်၊၆၆လမ်းနဲ့၁၃၃လမ်းအနီးမှာ အမျိုးသား

တစ်ဦးလဲကျနေတယ်လို့ သတင်းရရှိတာကြောင့် လော ကပါလအသင်းမှ သွားရောက်ပြီး ဒဏ်ရာရလူနာကို မန္တလေးပြည်သူ့ဆေးရုံ (OPD)ကို ပို့ဆောင်ကူညီခဲ့တယ်လို့သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *