မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၄၁လမ်း၊၈၆လမ်းနဲ့၈၇လမ်းကြားမှာ နိုဝင်ဘာလ၈ရက်မနက်အစောပိုင်းက လမ်း လျှောက်လာသူအမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ပြီးထွက်ပြေးသွားခဲ့ရာ ကားတိုက်မိသူအမျိုးသား သေဆုံးသွားခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘယ်အချိန် တိုက်မိသွားတာလဲတော့ မသိဘူး။တိုက် သွားတဲ့ကားက ထွက်ပြေးသွားပြီ။ကားနဲ့တိုက်မိတဲ့သူကတော့ ပွဲ ချင်းပြီးပဲ။ သေသွားတဲ့ကောင်လေးကတော့အသက်၂၀ ကျော် လောက်တော့ရှိမယ်ထင်တယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ကားနဲ့တိုက်မိပြီးသေဆုံးသွားတဲ့အမျိုးသားမှာ အသက် ၂၀ ကျော်ခန့်အရွယ်ဖြစ်ကာ ဆံပင်တို၊အင်္ကျီအနီ၊ပုဆိုးအပြာဝတ်ထားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးအသင်း(မန္တလေး)က မော်တော်ယာဥ်နဲ့ မန္တလေးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 1 times, 1 visit(s) today