မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၁၂၆လမ်း၊၅၆လမ်းနဲ့ ၅၇လမ်းကြားမှာ နိုဝင်ဘာ၂၃ရက် ည၇နာရီခန့်က အမျိုး သမီးတစ်ဦးစီးနင်းလာတဲ့ စကူဖီအနက်ရောင်ဆိုင်ကယ်ကိုအမျိုးသား၅ဦးက တားပြီး အမျိုးသမီးကို ဓါးနဲ့ထောက်ကာဆိုင်ကယ်ကိုလုယက်သွားတယ်လို့ ဆိုင်ကယ်အလုခံခဲ့ရတဲ့ အမျိုးသမီးရဲ့ မိသားစုအသိုင်း အဝိုင်းက သိရပါတယ်။


“ခုခေတ်ကာလမှာ မန္တလေးက တန်ဖိုးကြီးဆိုင်ကယ်တွေ စီးတဲ့သူတွေ အနေနဲ့ လူပြတ်တဲ့နေရာတွေတို့ ညမိုးချုပ်လာရင်တို့ဆိုရင် ဆိုင်ကယ်ကို တစ်ယောက်ထဲစီးရင် အန္တရာယ်အ ရမ်းများပါတယ်။ဆိုင်ကယ်လုတဲ့ဓါးပြတွေက အုပ်စုဖွဲ့လုတတ်ပါတယ်။ဒါကြောင့် ဘယ်လိုအကြောင်းတွေပဲရှိရှိ ကိုယ့်အသက်အန္တရာယ်နဲ့ဆိုဆိုင်ကယ်အတွက် လမ်းပေါ်ဆိုင်ကယ်စီးရင် သတိလေးထားပြီး စီးကြဖို့ အထူးလိုအပ်ပါတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
လုယက်ခံခဲ့ရတဲ့ဆိုင်ကယ်အမျိုးအစားမှာ Honda Scoopy110ဖြစ်ပြီး ဆိုင်ကယ်အရောင်မှာအနက်ရောင်ဖြစ်ကာ ဆိုင်ကယ်နံပါတ်မှာ 70W/78487ဖြစ်တယ်လို့ သိရပါတယ်။
လုယက်ခံခဲရတဲ့ဆိုင်ကယ်ကိုတွေ့ရှိ့ပါက 𝟎𝟗-𝟕𝟓𝟎 𝟐𝟒𝟎 𝟒𝟏𝟔နဲ့ 𝟎𝟗-𝟗𝟖𝟒 𝟕𝟎𝟎 𝟎𝟒𝟒တို့ကို ဆက်သွယ်အကြောင်း ကြားနိုင်ပါတယ်။



