မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊သီရိမာ လာအရှေ့ရပ်ကွက်၊ အကွက်(၁၈၉)၊ ၈၇ လမ်း၊၂၃လမ်းနဲ့၂၄လမ်းကြားရှိ စိန်မိုက် ကယ်ချက်ကျောင်းပိုင် (၁၀×၃၀)ပေ RC (၄)ထပ်အဆောက်အဦရဲ့ မြေညီထပ်မှာ ငှားရမ်းဖွင့်လှစ်ထားတဲ့ အထည် ဆိုင် ဆိုင်ခန်းတစ်ခန်းမှာ မေလ၁၉ရက် မနက် ၂နာရီ၂၉မိနစ်က အင်ဗာတာနဲ့ ဘက္ထရီ အိုးအားသွင်းထားခဲ့ရာကနေ အပူလွန်ကဲကာ ဘတ္ထရီအိုးပွင့်ထွက်ပြီး မီးလောင်မှုတစ် ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာန ကနေ သိရပါတယ်။



မီးလောင်မှုဖြစ်စဉ်မှာ မေ လ၁၉ရက် မနက်၂ နာရီ၂၉မိနစ်က အောင်မြေသာစံမြို့ နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊ အကွက် (၁၈၉)၊၈၇လမ်း၊၂၃လမ်းနဲ့၂၄လမ်းကြားက စိန်မိုက်ကယ်ချက်ကျောင်းပိုင် (၁၀×၃၀) ပေ RC (၄)ထပ်အဆောက်အဦရဲ့ မြေညီထပ် မှာ ငှားရမ်းဖွင့်လှစ်ထားတဲ့ ဝါဝါဝင်း အထည်ဆိုင် ဆိုင်ခန်းအတွင်းမှာ အင် ဗာတာနဲ့ ဘက္ထရီအိုး အားသွင်းထားခဲ့ရာ ကနေ Overloadဖြစ်ပြီး ဘတ္ထရီအိုးပွင့် ထွက်ကာ အနီးရှိ အထည်များကို မီးကူး စက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၀ ×၃၀) ပေ RC (၄) ထပ်ရဲ့ မြေညီထပ်ဆိုင်ခန်းနဲ့ အတွင်းပစ္စည်း အဝတ်အထည်များ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။



မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို မြို့နယ်မီး သတ်ဦးစီးမှူးဦးမြင့်ခိုင် ဦးဆောင်ကာ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက မီး ငြှိမ်းသတ်ယာဉ် (၁)စီး၊သီရိမာလာ အရှေ့ အရန်မီးသတ်စခန်းက မီးငြိမ်း သတ်ယာဉ် (၁) စီး၊ အောင်မြေသာစံ အရန်မီးသတ်စခန်း ကမီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မင်းတဲအီကင်းအရန်မီးသတ်စခန်း က မီးငြိမ်း သတ်ယာဉ်(၁)စီး၊ မေဃဂီရိအရန် မီးသတ်စခန်းက ရေသယ်ယာဉ်(၁)စီး၊ သီရိ မာလာအနောက်အရန်မီးသတ်စခန်းက မီး ငြိမ်းသတ်ယာဉ်(၁)စီး၊ ပုလဲငွေရောင် အရန် မီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်းမီးငြိမ်းသတ်ယာဉ်(၆)စီး၊ ရေသယ် ယာဉ်(၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးတို့နဲ့ သွားရောက် ငြိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အထည်ဆိုင် ခန်းငှားရမ်းဖွင့်လှစ်ထားသူ ဒေါ်…. (၃၉နှစ်)ကို အမှတ် (၅) နယ်မြေရဲစခန်း မှာ ( ပ- ၉၃ / ၂၀၂၃)၊ ပုဒ်မ-၂၈၅နဲ့ အမှု ဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။