မန္တလေးမှာ ဟိုတယ်တစ်လုံးရဲ့၃၁ထပ်မြောက်ကနေ အ မျိုး သားတစ်ဦး ခုန်ချဖို့ကြိုးစားခဲ့

မန္တလေးမြို့၊မဟာအောင်မြေ မြို့နယ်၊ ၈၄လမ်း၊ ၃၈ လမ်းနဲ့ ၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ် ကွက်၊ အကွက်အမှတ် (၅၂၄)၊ မင်းစံရပ်က Grand Park Hotelရဲ့အပေါ်ဆုံး၃၁ထပ်ကနေ အမျိုးသားတစ်ဦး ခုန်ချဖို့ကြိုးစားခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီဇင်ဘာလ၂၄ ရက်ညနေ၆နာရီက ဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်မှာ ဒီဇင်ဘာလ၂၄ရက်ညနေ၆နာရီက မဟာအောင်မြေ မြို့နယ်၊ ၈၄လမ်း၊ ၃၈လမ်းနဲ့ ၃၉လမ်းကြား၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၂၄)၊ မင်းစံရပ်က Grand Park Hotelကို အမျိုး သားတစ်ဦး(စိတ်ဝေဒနာရှင်)ဟာ Hotelရဲ့အပေါ်ဆုံး၃၁ ထပ်ရှိ ရေကူးကန်မှာ ရေကူးဖို့ဆိုပြီး ရောက်ရှိလာကာ မှန်တံခါးများ လဲလှယ်ရာမှာ စတီးကြိုးတပ် အသုံးပြုတဲ့ မောင်းတံပေါ် မတ်တပ်ရပ်ပြီး ခုန်ဖို့ ကြံစည်နေတာကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးက အုပ်ချုပ်မှုယာဉ် (၃)စီး၊ မဟာအောင်မြေ မြို့နယ်မီး သတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးတို့နဲ့ သန္ဓေမီးသတ်တပ်ဖွဲဝင်များက ပြောဆို စည်းရုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခုန်ချဖို့ကြံစည်နေသူကို ည၇နာရီ၂၀မိနစ်မှာ ဘေးကင်းရာကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *