မန္တလေးမှာ သံဃာတော်တစ်ပါး သေနတ်နဲ့ပစ်ခံရ

ဘာရည်ရွယ်ချက်နဲ့ သံဃာတော်ကို ပစ်ခတ်ရတာလဲဆိုတာ မသိရသေး

မန္တလေး၊ ဧပြီ ၇

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်ရပ်ကွက်၊အကွက်(၂၁၁)၊ ၉၁ လမ်း၊၂၅လမ်းနဲ့၂၆လမ်းကြား၊ချမ်းသာကြီး ဆန်လှူအသင်းဘေးကထမင်းဆိုင်တစ်ဆိုင် အနီးမှာ ဧပြီလ ၇ရက်နံနက်၁၀ နာရီ ၄၅မိနစ်က သံဃာတော် တစ်ပါး သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

“သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဘုန်းကြီးက ချမ်းသာကြီးတောင်တိုက်မှာ နေတဲ့ ဧည့်သည် ဘုန်းကြီးတဲ့။ဘာကြောင့် ပစ်ရတာလဲ ဆိုတာတော့ မသိဘူး ဆီးဖုံးမှန်ပြီး ပျံလွန်တော်မူ သွားတယ်လို့ကြားမိတယ်´´လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၇ရက်နံနက်၁၀ နာရီ ၄၅ မိနစ်ကအောင်မြေသာစံမြို့နယ်၊သီရိမာလာအ နောက်ရပ်ကွက်၊အကွက်(၂၁၁)၊၉၁လမ်း၊ ၂၅လမ်းနဲ့၂၆လမ်းကြား၊ချမ်းသာကြီးဆန် လှူအသင်းဘေးကထမင်းဆိုင်တစ်ဆိုင်အ နီးမှာ လမ်းလျှောက်လာတဲ့ သံဃာတော် တစ်ပါးကို အမည်မသိအမျိုးသား နှစ် ယောက်က သေနတ်ပစ်ခတ်ပြီး ထွက်ပြေး သွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ သံဃာတော်မှာ ပျံလွန် တော်မူသွားခြင်း ရှိ/မရှိကိုမူ မသိရသေး ပေ။

Photo– MDY Image

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *