မန္တလေးတိုင်းဒေသကြီး၊အေးရိပ်ငြိမ်သုဿန်၊မြန်မာ သချုႋင်းနဲ့တရုတ်သချုႋင်းကြား ရေအိုး စဉ်အဆောင်ထဲမှာ ဇူလိုင်လ၉ရက်နေ့က အမျိုးသမီးတစ်ဦးကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ အလင်းစေတမန် ပရဟိတ အသင်းက သိရပါတယ်။
“အေးရိပ်ငြိမ်က မြန်မာနဲ့တရုတ်သချုႋင်း နှစ်ခုကြားက ရေအိုးစဉ်အဆောင်မှာ အ လောင်းတစ်လောင်းလာပစ်သွားတယ်လို့ သိရတာကြောင့် ပရဟိတအသင်းက လူတွေ က လူမှုကူညီရေးအလုပ်တွေ လုပ်ပေးဖို့ သွားရာမှာ လူသေအလောင်းမဟုတ်ဘဲ ကျန်းမာရေးမကောင်းတဲ့သူဖြစ်နေတာပါ။သူ့ကို သူ့ရဲ့သမီးကအခုလို လာပြီးစွန့်ပစ်သွားတာ လို့ သိရပါတယ်။စွန့်ပစ်ခံခဲ့ရတဲ့အမျိုးသမီးက အသက်အရွယ်ကြီးတဲ့သူမဟုတ်ဘူး။ အ သက်၄၀ဝန်းကျင်လောက်ပဲရှိဦးမယ်။
တော်တော်တော့ ပိန်တယ် ကျန်းမာရေးမ ကောင်းလောက်ဘူး´´လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စွန့်ပစ်ခံလူနာအမျိုးသမီးပြောပြချက်အရ သမီးဖြစ်သူကနေ မီနီအိုးဝေကို ငါးသောင်း ကျပ်နဲ့ငှားပြီး လာပို့သွားတာလို့ သိရပါတယ်။
သမီးဖြစ်သူကနေ စွန့်ပစ်ခဲ့တဲ့လူနာ အမျိုး သမီးဟာ အစာရေစာ ဝလင်အောင် မစားရ သည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး သူ့ကို အလင်းစေတမန်ပရဟိတအသင်းကနေ မေတ္တာရိပ်ဘိုးဘွားစောင့်ရှောက် ရေး အသင်းကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။


