မန္တလေးမှာ လူသတ် ဆိုင်ကယ်လုတဲ့အဖွဲ့ဖမ်းမိ

■လူသတ်ဆိုင်ကယ်လုတဲ့အဖွဲ့ဟာ ပြစ်မှုကို အကြိမ် ကြိမ်ကျူးလွန်နေကြတာဖြစ်

မန္တလေးမြို့တွင်းမှာ လူသတ် ဆိုင်ကယ်လုတဲ့အဖွဲ့ကို ဖေ ဖော်ဝါရီလ၂၁ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့အဖွဲ့ မန္တလေးမြို့တွင်း လူသတ်ဆိုင်ကယ်လုက်ကို အကြိမ်ကြိမ်ကျူးလွန်သေူများဖြစ်ကြပါတယ်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇လမ်းနဲ့၂၉(A) လမ်းကြားမှာ လူသတ်ပြီး ဆိုင်ကယ်လုယူခဲ့သည့်ဖြစ်စဥ်နှင့်ပတ်သက်ပြီယ တာဝန်ရှိသူများမှ စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်တရားခံများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ အဖွဲ့များခွဲပြီး စိစစ်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင် (ခ)ဒေါက်ဒေါက် ၂၂ နှစ်၊ (ဘ) ဦးလင်းအောင်၊ တိုးဝေ(ခ) တိုးတက်(ခ) အားထစ်၊ ၁၇ နှစ်၊ (ဘ)ဦးစံသိန်း၊ ရဲဝင်းအောင်၊ ၁၇ နှစ်၊ (ဘ)ဦးဇော်ဝင်း၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့်၊ ၁၈ နှစ်၊ (ဘ) ဦးမြငွေတို့ ၄ ဦးနှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများကို သက် သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအ တွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Visited 54 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *