မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၆၃လမ်း၊၁၃၃လမ်းနဲ့၁၃၄လမ်းကြားက လူနေထိုင် ခြင်းမရှိတဲ့ နေအိမ်ထဲဝင်ရောက်တဲ့ အမျိုး သား တစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့ တဲ့ဖြစ်စဉ်တစ်ခု မေလ၁၇ရက် နေ့လည် ပိုင်းကဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။


ဖြစ်စဉ်မှာ မေလ၁၇ရက် နေ့လည် ၁၂နာရီ ခန့်ကပြည်ကြီးတံခွန်မြို့နယ်၊၆၃လမ်း၊၁၃၃လမ်းနဲ့ ၁၃၄လမ်းကြားက လူနေထိုင်ခြင်း မရှိတဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက် ပြီး သံတိုသံစ ဝင်ကောက်တဲ့ အသက်၂၀ ကျော်ခန့်အရွယ်အမျိုးသားတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့တာကြောင့် ရုပ်အ လောင်းကို လောကပါလ လူမှုကူညီရေးအ သင်းက မော်တော်ယာဉ်နဲ့ သူ့ရဲ့နေအိမ် ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 13 times, 1 visit(s) today



