- ဆိုင်ရှေ့မှာ ငွေထုတ်တွေကားပေါ် တင်နေတုန်း သေနတ်ပြခြိမ်းခြောက်ပြီး ငွေထုတ်တွေကို လုယူသွား

ဓါတ်ပုံ။CJ
မန္တလေး၊ မတ် ၂၇
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၈၅(A)လမ်း၊၃၁လမ်းနဲ့၃၂လမ်းကြားက စိန်ကျော်မိုး ရွှေသန့်စင်ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မတ်လ၂၇ရက်ညနေပိုင်းက ငွေထုတ်တွေ ကားပေါ်တင်နေတုန်း ဓားပြတိုက်ခံခဲ့ရ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီ က သိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ၂၇ရက်ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်၊၈၅(A)လမ်း၊၃၁လမ်းနဲ့၃၂လမ်းကြားက စိန်ကျော်မိုး ရွှေသန့် စင် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ ဆိုင်ဝန်းတွေ ဟာ ငွေထုတ်တွေကို ဆိုင်ရှိကားပေါ်တင်နေစဉ် အမည်မသိ အမျိုးသား၃ ယောက် သည် Nissan March ကားအနက်ရောင်နဲ့ ရောက် ရှိလာပြီး သေနတ်နှစ်ချက်ဖောက်၍ ဆိုင် ကားပေါ်က ငွေထုတ် တွေကိုယလုယက်ယူ ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြတာပါ။
လုယက်ခံလိုက်ရတဲ့ငွေထုတ်မှာ ၄အိတ် ဖြစ်ပြီး တစ်အိတ်လျှင် သိန်း(၃၀၀)ကျပ် ပါဝင်တာကြောင့် စုစုပေါင်း သိန်း(၁၂၀၀) ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
နောက်ဆက်တွဲသတင်း
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၈၅(A)လမ်း၊၃၁လမ်းနဲ့၃၂လမ်းကြားက စိန်ကျော်မိုး ရွှေသန့်စင် ရောင်းဝယ်ရေး ဆိုင်ရှေ့ မှာ မတ်လ၂၇ရက်ညနေပိုင်းသေနတ်ဖောက်ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားခဲ့သူသုံးယောက်ကို ညတွင်းချင်းဖမ်းမိ ခဲ့ တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။