မန္တလေးမှာ ရဲအယောင်ဆောင် ခြိမ်းခြောက် ငွေတောင်းသူ ဖမ်းဆီးရမိ

ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်နဲ့ ကျန်းမာ ရေးကြောင့်၂၀၂၂ခုနှစ်ဇူလိုင်က နှုတ် ထွက်ခွင့်ရထားသူဖြစ်နေ

ဖမ်းဆီးရမိတဲ့ ရဲဝန်ထမ်းဟာင်း
ဓါတ်ပုံ။ CJ

မန္တလေး၊ ဧပြီ ၃

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ကန် သာယာရပ်ကွက်၊ ၅၉(A) လမ်း၊ ၁၀၇လမ်းနဲ့၁၀၈ လမ်းကြားက နေအိမ်တစ်အိမ်မှာ ဧပြီလ၃ရက်နေ့ကရဲအယောင်ဆောင်ပြီးကျောက်မျက်ရတနာကုမ္ပဏီတစ်ခုဆီကခြိမ်းခြောက်ငွေတောင်းခံသူအမျိုးသားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူရဲ့အမည်မှာ သက်ကိုကိုဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လက အောင်ပင် လယ်နယ်မြေရဲစခန်းမှာ ဒုရဲအုပ် အဆင့် ရာ ထူးနဲ့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကျန်းမာရေးမကောင်းတာကြောင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကနေ နှုတ်ထွက်ခွင့် ကျ ပြီး ကျောက်အရောင်းအဝယ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ခဲ့သူ သက်ကို ကိုဦးဟာဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ် ကွက် ၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြား၊ ၁၁၀(E)လမ်း ပေါ်က ….ကျောက်မျက်ကုမ္ပဏီကိုမန္တလေးတိုင်းရဲတပ်ဖွဲ့၊ မှုခင်းတာဝန်ခံ ရဲအုပ်သက်ကို ကိုဦးလို့ဆိုပြီး ကျောက်မျက် ကုမ္ပဏီဆီကနေ PDF အဖွဲ့တွေကို ကူညီ ထောက်ပံ့နေတာဆိုပြီး ခြိမ်းခြောက် ငွေ တောင်းခံခဲ့တာလို့ သိရပါတယ်။

အဲဒီခြိမ်းခြောက်ငွေတောင်းခံမှုဖြစ်စဉ်ကို အောင်ပင်လယ်နယ်မြေရဲစခန်းမှ သတင်း ရရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှု ပြုခဲ့ပြီး ရဲ တပ်ဖွဲ့ဝင်အယောင်ဆောင်ခဲ့သူသက်ကိုကိုဦး ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ သက်ကိုကို ဦးဆီကနေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှု ခင်း) ဌာနရဲ့ကြေး နန်းအတု ၁ စောင် ၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သူ့ကို တာဝန်ပေးအပ်ထား‌တဲ့အမိန့်စာအတု ၁ စောင်၊မန္တလေးတိုင်း ရဲတပ်ဖွဲ့ ရဲ့တံဆိပ်အ ဝိုင်းအတု ၁ ခု၊မန္တလေးတိုင်းရဲတပ်ဖွဲ့ (မှုခင်းဌာနစိတ်)တာဝန်ခံအရာရှိ တံဆိပ် တုံးအတု ၁ ခု၊ဂက်စ်အိုးအသေးနဲ့ ဘောစေ့ ထည့်ပစ်ရတဲ့ ခြောက်လုံးပြူးသေနတ်၁လက် နဲ့ဘောစေ့ပစ် ကျည်တောင့် ၁၂ ‌တောင့်၊ ဂက်စ်အိုးအသေးနဲ့ ဘော စေ့ထည့်ပစ်ရတဲ့ ပစ္စတိုသေနတ် ၂ လက်၊ ဂက်(စ်) ဗူးအ သေး ၂၀၊ သံဘောစေ့အသေး ၂၀၀ ခန့်၊ ကော် ဘော့စေ့ ၃၀၀၀ ခန့်ပါ အထုပ် ၁ ထုပ်တို့ကို ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ် ကွက်၊ ၅၉(A) လမ်း၊ ၁၀၇လမ်းနှင့် ၁၀၈ လမ်းကြားက နေအိမ်ကနေတွေ့ရှိ သိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သက်ကိုကိုဦး ဆိုသူကို အောင်ပင်လယ် နယ်မြေရဲစခန်းမှာ တည်ဆဲဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *