- ကလေးငယ်များနဲသက်ကြီးရွယ်အိုများ အထူးသတိ ထားဖို့ လိုအပ်
မန္တလေးမြို့မှာ ဧပြီလ၂၈ရက်ညနေပိုင်းက ရုတ်တ ရက် အပူရှပ်(Heat Stroke)ဝေဒနာခံစားခဲ့ရတဲ့လူ နာနှစ်ဦးကို ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ မဏီစလလူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“အခုရက်ပိုင်းမှာ အပူရှပ်ဝေဒနာ(Heat Stroke)ဖြစ်တဲ့လူ တွေ မန္တလေးမှာ တော်တော်များလာပြီ ကလေးတွေနဲ့အသက် အရွယ်ကြီးတဲ့သူတွေ အထူးဂရုစိူက်နေထိုင်ကြဖို့လိုပါတယ်။အပူရှပ်ဝေဒနာ(Heat Stroke)က အိမ်အပြင်ထွက်မှ ဖြစ်နိုင်တာမကဘဲ အိမ်ထဲမှာနေရင်းလည်း ဖြစ်နိုင်ပါတယ်”လို့ မြိုခံတစ်ဦးက ပြောပါတယ်။
ဧပြီလနောက်ဆုံးပတ်အတွင်း နေ့အပူချိန်များဆက် တိုက်မြင့်မားလျှက်ရှိပြီး ကမ္ဘာအပူဆုံးမြို့စာရင်းမှာမြန်မာနိုင်ငံက ချောက်၊ညောင်ဦး၊မကွေးတို့အပြင် မန္တလေးမြို့လည်းပါဝင်တယ်လို့နိုင်ငံတကာမိုးလေဝသသတင်းဌာနများရဲ့ဖော်ပြချက်များအရ သိရပါတယ်။
,,photo- မဏီစလ
Visited 31 times, 1 visit(s) today



