မန္တလေးမှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အ နောက်ရပ်ကွက်၊အကွက်(၃၈၁)၊တောင်ငံပြာရည်ရပ်၊၄၁ လမ်းကုန်စိမ်းဈေးအနီး၊ရွှေကောင်းမြတ်လက်ဘက်ရည်ဆိုင်မှာ အောက်တိုဘာလ၁၈ရက် မွန်းလွဲ၁၂နာရီခွဲက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စက်မှာ အောက်တိုဘာလ၁၈ရက် မွန်းလွဲ၁၂နာရီခွဲက ရာအိမ်မှူးဦးသန်းမင်း(၄၅နှစ်)ဟာ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် အနောက်ရပ်ကွက်၊အကွက် (၃၈၁)၊တောင်ငံပြာ ရည်ရပ်၊၄၁လမ်း ကုန်စိမ်းဈေးအနီးက ဆွေမျိုးတော်စပ်သူရဲ့ ရွှေကောင်းမြတ်လက်ဘက်ရည်ဆိုင်က အိပ်ခန်းအတွင်းမှာ အိပ်နေချိန် အမည်မသိအမျိုးသားနှစ်ဦးက ကမ်းနားလမ်းအတိုင်း နံပါတ်ပြား မပါ CZI အနက်ရောင်ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ဦးသန်းမင်းကို အရပ်ရှည်၊ အသားဖြူ၊အသက် ၂၀ နှစ်ခန့်၊ မျက်နှာသွယ်၊ ဦးထုပ်အမဲရောင်ဆောင်း၊ အင်္ကျီလက်ရှည် အသားရောင်ဝတ်ထား၊ဘောင်းဘီတို၊ ခြေသလုံးမှာ တက်တူးပါသူက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်တာကိုခံခဲ့ရပြီး ရာအိမ်မှူးဦးသန်းမင်းဟာဝဲမျက်လုံးထောင့်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့နဲ့ အခင်းဖြစ်ရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *