မန္တလေးမှာ ရာအိမ်မှူးတစ်ယောက် ရဲ့နေအိမ်ကိုလက်လုပ်မိုင်းနဲ့ပစ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅၊ ၅၂ (A)လမ်း၊၁၀၃လမ်းနဲ့၁၀၄လမ်းကြားက ရာအိမ်မှူးတစ်ယောက်ရဲ့နေအိမ်ကို မေ လ၁၉ရက် နံနက်၇နာရီ၁၅မိနစ်က လက် လုပ်မိုင်းနဲ့ ပစ်ခံခဲ့ရတာကြောင့် ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီး အမျိုးသားတစ် ယောက်နဲ့အမျိုးသမီးတစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ မေလ၁၉ရက် နံနက်၇နာရီ၁၅ မိနစ်ကချမ်းမြသာစည်မြို့နယ်၊အောင်ပင် လယ်ရပ်ကွက်၊ အကွက်(၁၂)/၅၅၊ ၅၂(A) လမ်း၊၁၀၃ လမ်းနဲ့၁၀၄လမ်းကြားက ရာအိမ်မှူးဦးသန်းနိုင်ရဲ့နေအိမ်ရှေ့မှာ ၅၂(A)လမ်းအတိုင်း တောင်ကနေမြောက်ကို CZIအမျိုးအစားအနက်ရောင်ဆိုင်ကယ်ကို မောင်းနှင်လာတဲ့အမည်မသိလူငယ် အ မျိုးသားနှစ်ယောက်က လက်လုပ်မိုင်းနဲ့ပစ်ပြီးထွက်ပြေးသွားခဲ့ရာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့မှာ ထိုင် နေတဲ့ ရာအိမ်မှူးဦးသန်းနိုင်ရဲ့ မိခင်ဖြစ်သူ ဒေါ်နီ(၆၇နှစ်)မှာ ယာ‌ခြေမျက်စိတစ်ချက်၊ ယာခြေသလုံး(၂)ချက်၊နဖူး(၁)ချက်၊ဝဲရင်ဘတ်(၁)ချက်နဲ့နောက်စေ့ (၁)ချက်(စိုးရိမ်ရ)၊ ကိုဖိုးချစ်(၃၈နှစ်)မှာ ဝဲ‌‌ခြေမျက်စိ(၁)ချက်၊ ဝဲလက်သန်း(၁)ချက်၊ယာဂျိုင်းအောက်(၁) ချက်(မစိုးရိမ်ရ)၊မအေးအေးနွယ် (၃၇နှစ်) မှာ ယာရင်ဘတ်(၁)ချက်၊နဖူး(၁)ချက် တို့ရရှိခဲ့တာကြောင့် လူမှုကူညီရေးယာဉ်နဲ့မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရာ ဒေါ်နီ(၆၇နှစ်)ဟာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *