မန္တလေးမှာ မီးသတ်ကားကြိတ်မိပြီးအသက်၇နှစ်အရွယ်ကလေးငယ် သေဆုံး

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဉ္စနမဟီရပ်ကွက်၊၃၁လမ်းနဲ့၇၇လမ်းထောင့်က အရန်မီးသတ်စခန်းမှာ စက်တင်ဘာလ၁၃ရက် ည၆နာရီ၅၀မိနစ်က မီးသတ်ကားတာယာလဲဖု့ိ စခန်းကမောင်းထွက်လာချိန် ရုတ်တရက်ပြေးလာတဲ့ အသက်၇နှစ်အရွယ်ကလေးကိုကြိတ်မိခဲ့ပြီးသေဆုံးသွားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“မီးသတ်ကားကို တာယာလဲဖို့အတွက် စခန်းထဲကနေထွက်ချိန် ကလေးက ရုတ်တရက်ပြေးဝင်လာတော့ ကားရှေ့ဘီးနဲ့ကြိတ်မိသွားတာပါ။ကလေးကို ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံမှာ ကလေးက ဆုံးသွားတယ်လို့ ကြားမိတယ် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်´´လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၁၃ရက် ည၆နာရီ၅၀မိနစ်က ချမ်းအေးသာစံမြို့နယ်၊ကဉ္စနမဟီရပ်ကွက်၊၃၁လမ်းနဲ့၇၇လမ်းထောင့်က အရန်မီးသတ်စခန်းမှာ မီးသတ်တပ်စုမှူးဟာ မီးသတ်ယာဉ် တာယာလဲဖို့အတွက် စခန်းကနေ ကားမောင်းထွက်လာချိန် ယာဉ်ရဲ့ဝဲဖက်ခြမ်းက ပြေးထွက်လာတဲ့ မ…(၇နှစ်)ကို ယာဉ်ရဲ့ဝဲဘက်ရှေ့ဘီးနဲ့ ကြိတ်မိခဲ့တာကြောင့် မ…(၇နှစ်)မှာ မိန်းမကိုယ်သွေးထွက်၊နောက်ကျောပွန်း၊ ဝမ်းဗိုက်ပွန်း ဒဏ်ရာများရရှိခဲ့တာကြောင့် မန္တလေးပြည်သူ့ ဆေးရုံကို ပို့ဆောင်စဉ် ကလေးငယ်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *