မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၇၁လမ်း၊လမ်း ၃၀နှင့်၃၁လမ်းကြားက နေအိမ်တစ်အိမ်ကနေ မိဘတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အသက်(၅)နှစ်ကျော်အရွယ်ကလေးကို ခိုးယူထားခဲ့တဲ့ မနီလာမြင့်မောင်(ခ)မမီးငယ် ဘ(ဦးမြင့်မောင်)ကို မေလ၃၁ရက်နေ့က ချမ်းအေးသာစံမြို့နယ်တရားရုံးမှရာဇသတ်ကြီးပုဒ်မ (၃၆၃)အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၇၁လမ်း၊လမ်း ၃၀နဲ့၃၁လမ်းကြားက အဘွားဖြစ်သူရဲ့နေအိမ်မှာဆောကစားရင်း အသက် ၅နှစ်ကျော်အရွယ် မောင်ဇွဲ ဝေယံထွန်းဟာ ၂၀၂၂ခုနှစ်၊ဒီဇင်ဘာ၁၁ရက်မှ၁၆ ရက်အထိ ပျောက်ဆုံးသွားရာကနေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကလေးငယ်အားခိုးယူခဲ့သူ မနီလာမြင့်မောင်(ခ)မမီးငယ်ကို မိဘဖြစ်သူတို့က အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပါတယ်။
Visited 28 times, 1 visit(s) today



