မန္တလေးမှာ ဘုန်းကြီးကျောင်း အဝင် ပေါက် သံတံခါးပိမိပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၁၂လမ်းရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်းတိုက်မှာ မေလ၁၇ရက်ည၇နာရီ၄၉မိနစ်က ကျောင်း တိုက်အဝင်မုခ်ဦးသံတံခါးပိမိပြီး သက်တော် (၆၀)ကျော်အရွယ်ရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ လူမှုကူညီရေး အသင်းအဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

ဖြစ်စဉ်မှာ မေလ၁၇ရက်ည၇နာရီ၄၉မိနစ် က အောင်မြေသာစံမြို့နယ်၊၁၂လမ်းရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်းတိုက် အဝင် မုခ်ဦး သံတံခါးကို နေ့စဉ်ဖွင့်ပိတ်လုပ်တဲ့ အသက်၆၀ကျော်အရွယ် သံဃာတော် အရှင်သူမြတ်ဟာ သံတံခါးပိမိပြီး ပျံလွန် တော်မူသွားခဲ့တာကြောင့် နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က မော်တော် ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo– Thein Tun Aung
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *