မန္တလေးမှာ ဗန်းမော်ဆရာတော်ဘုရားကြီး အန္တိမဈာပနအခမ်းအနားကျင်းပချိန် လမ်း အချို့ ခေတ္တလမ်းပိတ်ထားမယ်

ဇွန်(၁)၊မန္တလေး

မန္တလေးမြို့မှာ ဗန်းမော်ဆရာတော်ဘုရား ကြီး အန္တိမဈာပနအခမ်းအနားကျင်းပမယ့် ဇွန်လ၆ ရက်နေ့မှာ လမ်းအချို့ကို ခေတ္တ လမ်းပိတ်ထားမယ်လို့ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက အသိပေး နှိုးဆော်ချက်ထုတ်ပြန်ထားပါတယ်။

ခေတ္တလမ်းပိတ်ထားမယ့် လမ်းများမှာ

(၁) ၇၃ လမ်းအား ၃၇လမ်းမှ ၄၁ လမ်းအထိလည်းကောင်း

(၂) ၃၈ လမ်းအား ၆၉လမ်းမှ လမ်း ၈၀ အထိလည်းကောင်း

(၃) ၇၈ လမ်းအား ၃၇လမ်းမှ ၄၂လမ်းအထိ လည်းကောင်း

(၄) ၄၂ လမ်းအား ၇၈လမ်းမှ လမ်း ၈၀ အထိလည်းကောင်း

(၅)ရန်ကုန်-မန္တလေးလမ်းအား ၄၂ လမ်းမှ မြဝတီမင်းကြီးလမ်းဆုံအထိ လည်းကောင်း

(၆) သိပ္ပံလမ်းအား ၇၃လမ်းမှ ၇၈ လမ်းအထိ လည်းကောင်း

(၇) ဦးပွားခုံးကျော်တံတားအား ၇၈လမ်းမှ ရန်ကုန်-မန္တလေးလမ်းအထိ လည်းကောင်း

(၈) ရန်ကုန်-မန္တလေးလမ်း ဝဲ၊ ယာဘေးရှိ ဆိုင်ကယ်လမ်းအား မြဝတီမင်းကြီးလမ်းမှ သိပ္ပံလမ်းအထိလည်းကောင်း တို့ဖြစ်တယ်သိရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး အန္တိမဈာပန အခမ်းအနားမှာ ဇွန်လ၆ရက်နေ့ မွန်း၁နာရီ အချိန်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *