■မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းမသိရသေး
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ ၂၂ လမ်းနဲ့၂၃လမ်းကြား ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ ဖေဖော်ဝါရီလ၉ရက်မနက်၁နာရီ၄၀မိနစ်က မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။



“မီးက ဆိုင်ထဲမှာ လှိုက်ပြီးလောင်သွားတာ။ဘေးပတ် ဝန်း ကျင်ကလည်း တိုက်တွေဆိုတော့ မီးကူးစက်တာ သက်သာသွားတယ်”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။



မီးလောင်မှုကို lv2အဆင့်သတ်မှတ်ပြီး မီးလောင်မှုဖြစ်ရာကို သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအ သင်းများ ပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဥ်များနှင့်ရေသယ်ယာဥ်များတို့နဲ့ ၂နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 55 times, 1 visit(s) today



