မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၈၂လမ်းနှင့်၄၂ လမ်းဒေါင့်မှာ အောက်တိုဘာလ၁၂ရက်ညနေပိုင်းက ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့မဏီစလလူမှုရေးအသင်းရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


သေဆုံးနေတဲ့အမျိုးသားဟာ အသက်၆၀နှစ်ခန့်အရွယ်ဖြစ်ပြီး အင်္ကျီအပြာအဖြူစင်းကြား၊ပုဆိုးနီနက်အကွက်ဝတ်ဆင်ထားကာ လမ်းဘေးရေမြောင်းအဖုံးပေါ်မှာ ပက်လက်အနေအထားနဲ့ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
Visited 2 times, 1 visit(s) today