မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၆၃ (A) လမ်း၊ ၂၇လမ်းနှင့်၂၈လမ်း ကြား၊ ပြည် ကြီးမျက်မှန် ရပ်ကွက်က နေအိမ်တစ် အိမ်မှာ နေထိုင်တဲ့ ပါမောက္ခဆရာဝန် မကြီးတစ်ဦးကို ရဲဒင်းနဲ့ခုတ်ပြီး ပလက်တီ နမ်ဆွဲကြိုးအား လုယက်မှုတစ်ခု ဇူလိုင်လ ၁၅ရက်နံနက်၆နာရီခွဲက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။


ဖြစ်စဉ်ကတော့ ဇူလိုင်လ၁၅ရက် မနက် ၆နာ ရီ၃၀မိနစ်ကချမ်းအေးသာစံမြို့နယ်၊ ၆၃ (A) လမ်း၊ ၂၇လမ်းနှင့်၂၈လမ်း ကြား၊ပြည်ကြီးမျက်မှန် ရပ်ကွက်က နေ အိမ်တစ်အိမ်မှာ ပါမောက္ခဒေါက်တာ ဒေါ်….(၅၉နှစ်)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ရောဂါဗေဒဌာန၊ ဌာနမှူးဟာဈေးသွားဖို့ နေအိမ်ခြံတံခါးကို သော့ဖွင့် ထားခဲ့ပြီး မီးဖိုအခန်းတွင်းက ဈေးခြင်း တောင်ကို ဝင်ရောက်ယူဆောင်နေချိန် အမည်မသိ လူငယ်တစ်ဦး နေအိမ် အ တွင်း ဝင်ရောက်လာခဲ့ပြီး ကော်သေနတ် အတုဖြင့် ဒေါ်….ကို ချိန်ရွယ်ပြီး ခန္ဓာ ကိုယ်မှာ ဝတ်ဆင်ထားတဲ့ ပလက်တီ နမ်ဆွဲကြိုး၊ လော့ကတ်သီးပါ ၁ ကုံးအား ဖြုတ်ခိုင်းခဲ့ရာ ဒေါ်…က ပြန်ခုခံခဲ့တာ


ကြောင့် အရိုးအသွား ၁၂ လက်မခန့်ရှိ ရဲဒင်းနဲ့ဒေါ်…ရဲ့ ဦးခေါင်းကို ခုတ်ခဲ့ရာ ဦးခေါင်းဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ ၂ ချက်(မစိုးရိမ်းရ)ရရှိခဲ့ပြီး လုယက်သူ ဟာ နေအိမ်အနောက်ဘက် ခြံစည်းရိုးကို ကျော်တက်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့တာလို့သိရပါတယ်။