မန္တလေးမှာ နေအိမ်ရှေ့မှာတင် ဓါးနဲ့ထိုးပြီး ဆိုင်ကယ်အလုခံခဲ့ရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အောင်ချမ်းသာကွက်သစ်ရပ်ကွက်မှာ ဒီဇင်ဘာလ၁၇ရက်ည၁၀နာရီခန့်က Clickဆိုင်ကယ်စီးလာတဲ့အမျိုးသားတစ်ဦးဟာ နေ အိမ်ရှေ့အရောက် ဆိုင်ကယ်ရပ်ပြီး အိမ်ထဲကိုဝင်ချိန်မှာ လု ယက်သူများက ဓါးနဲ့ခံရထိုးပြီး ဆိုင်ကယ်အလုခံခဲ့ရတယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဓါးနဲ့ထိုးခံရပြီး ဆိုင်ကယ်အလုခံလိုက်ရတဲ့သူက ဆိုင်ကယ်နဲ့အပြင်က ပြန်လာပြီး အိမ်ထဲကိုဝင်ဖို့ အော်ခေါ်နေတုန်း နောက်ကရောက်လာတဲ့ လုယက်မယ့်သူတွေက ဆိုင်ကယ်သော့တောင်းတာကို မပေးလို့ ဓါးနဲ့ထိုးပြီး ဆိုင်ကယ်ကို လု ယူသွားကြတာတဲ့”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

ဓါးနဲ့ထိုးခံရသူဟာ အသက်၄၄နှစ်အရွယ်ရှိပြီး လက် မောင်းမှာ ဓါးဒဏ်ရာနှစ်ချက်ရရှိခဲ့တာကြောင့် ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မော်တော်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *