မန္တလေးမှာ နတ်ဆရာတစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂ လမ်း၊ ၃၂လမ်းနဲ့၃၃ လမ်းကြား၊ အကွက်(၈၁၈)က ဦးဘသန်း ကုန်စုံဆိုင်မှာ မေလ၂၈ ရက်ည ၈နာရီ၄၅မိနစ်က နတ်ဆရာ အမျိုးသားတစ် ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။

ဖြစ်စဉ်မှာ မေလ၂၈ ရက်ည ၈နာရီ ၄၅ မိနစ်က ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီး မျက်ရှင်ရပ်ကွက်၊ ၆၂ လမ်း၊ ၃၂လမ်း နဲ့၃၃ လမ်းကြား၊ အကွက်(၈၁၈)က ဦးဘ သန်း ကုန်စုံဆိုင်မှာ လူတစ်ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သတင်း ရရှိတာကြောင့် တာဝန်ရှိများက သွား ရောက်စစ်ဆေးခဲ့ရာ သေနတ်နဲ့ပစ်ခံရပြီးသေဆုံးသွားသူမှာ အခင်းဖြစ်နေအိမ် အပေါ်ထပ်မှာ နေထိုင်သူ အသက်၃၉နှစ်အရွယ် ကိုဆွေလွင်ဦး (ခ)အောင် မျိုးဆွေ(နတ်ဆရာ)ဖြစ်ပြီး ဝဲဘက်ရင်အုံ သေနတ်ဒဏ်ရာ (၁)ချက်နဲ့ သေဆုံး ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို စိစစ်ခဲ့ရာ အမည် မသိအမျိုးသား(၃)ဦး click အမျိုးအစား ဖြူလိမ္မော်ရောင် ဆိုင်ကယ်(နံပါတ်မပါ)နဲ့ ရောက်ရှိလာပြီး တစ်ယောက်မှာ သေနတ် အတို(၁) လက် ၊ တစ် ယောက်မှာ ဓါးရှည် (၁)ချောင်းကိုင် ဆောင်ပြီး အိမ်မှာလူ ဘယ်နှစ်ဦးရှိလဲဟု မေးမြန်းကာ နေအိမ် အပေါ်ထပ်ကို သေနတ်ကိုင် ဆောင်ထားတဲ့ အမျိုးသားက တက်သွားပြီး ဒုတိယထပ်မှာ ဘုရားရှိခိုးနေတဲ့ မအိမွန်သန့်ကို တွေ့ရှိပြီး မအိမွန်သန့်ရဲ့ဖုန်းကို ယူဆောင်ပြီး နေအိမ် တတိယထပ်ကို ဆက်တက်သွားပြီး တတိယ ထပ်မှာ နေထိုင်တဲ့ ကိုဆွေလွင်ဦး(ခ)အောင်မျိုးဆွေရဲ့ အခန်းကို ခြေထောက်နဲ့ ကန်ဖွင့်ပြီး ပစ္စတိုသေနတ်နဲ့ ၂ ချက်ပစ် ခဲ့ရာ ၁ချက်မှာ ကျည် မထွက်ဘဲ နောက် ၁ချက်မှာ ကိုဆွေလွင်ဦးရဲ့ဝဲဘက်ရင်အုံကို ထိမှန်ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ် သူမှာနေအိမ်အောက်ထပ်ကို ပြန်ဆင်း လာခဲ့ပြီး နေအိမ်အောက်ထပ်က ကိုမျိုးသန့် ထွန်းနဲ့မအိမွန်သန့်တို့ရဲလက်ကိုင်ဖုန်း(၂) လုံးကို ယူဆောင်ပြီး ၆၂ လမ်းအတိုင်း တောင်ဘက်ကို ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

Visited 49 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *