မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ထွန် တုံးရပ်ကွက်၊ဇဇ-၇၊၅၄လမ်းနဲ့၁၀၇(D) လမ်းဒေါင့်မှာ စက်တင်ဘာလ၈ရက် နံ နက်၂နာရီခွဲခန့်က လမ်းဘေးဓာတ်တိုင် ပေါ်တက်ပြီး လျှပ်စစ်ဝါယာကြိုး တက်ခိုး တဲ့ သူခိုးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၈ရက် နံနက် ၂နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ ထွန် တုံးရပ် ကွက်၊ဇဇ-၇၊၅၄လမ်းနဲ့၁၀၇(D) လမ်းဒေါင့်မှာ အမျိုးသားတစ်ဦး ဓာတ် လိုက်သေဆုံးနေတယ်လို့ သတင်းရရှိတာ ကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးနေသူမှာ ဇာနည်ဖြိုး (ခ)ဇာကြီး ဆိုသူဖြစ်ပြီး သေဆုံးနေသူအနီး တွင် ခန့်ကိုကို(ခ)အာလူး(အောင်ပင် လယ်ရပ်ကွက်၊ချမ်းမြသာစည်)အား ပ လာယာ(၂)ခု၊ မီးကြိုးများနှင့်အတူ တွေ့ရှိ ရတာကြောင့် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်း တို့နှစ်ဦးမှာ လမ်းဘေးဓါတ်တိုင်ပေါ်မှလျှပ်စစ်မီးကြိုးများအား ခိုးယူရန်အ တွက် ရောက်ရှိလာပြီး သေဆုံးသူ ဇာနီဖြိုး (ခ)ဇာကြီးမှ ဓါတ်တိုင်ပေါ်သို့ တက်ပြီး မီး ကြိုးများအား ဖြုတ်ခိုးယူနေစဉ် ဓါတ်လိုက် သေဆုံးသွားတာလို့ သိရပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို နှလုံးလှ ဖြူစင်နာမှုကူညီရေးယာဉ်နဲ့ မန္တလေး ပြည့်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ခန့်ကိုကို(ခ)အာလူးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။