မန္တလေး၊ ဧပြီ ၁၁
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်းနဲ့ ၆၆လမ်း ကြား က RCသုံးထပ် နေအိမ်တစ်အိမ်မှာ ဧပြီလ၁၁ရက်နေ့ နံနက်၃နာရီ၂၀မိနစ်က နေအိမ်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လေးကြည်(၅၀နှစ်)နဲ့ အိမ်ဖော်ဖြစ်သူ မအေးသန္တာ(၃၈နှစ်)တို့ကို သတ်ဖြတ် ပြီး နေအိမ်ကို မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့ တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ဧပြီလ၁၁ရက်နေ့ နံနက်၃နာရီ၂၀မိနစ်က ချမ်းအေးသာစံမြို့နယ်၊ ၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ အကွက်(၈၉၆)၊ ၃၁ လမ်း၊ ၆၅လမ်းနဲ့၆၆လမ်းကြား က RCသုံးထပ်နေအိမ်တစ်အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ တာကြောင့် မီးသတ်တပ်ဖွဲ့က သွား ရောက်မီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးလောင်မှုကြောင့် RCသုံးထပ်နေအိမ်မှာ ကုတင် ၊မွေ့ယာနဲ့အတွင်းပစ္စည်းအနည်းငယ် မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တာဝန်ရှိသူတွေက စစ်ဆေးခဲ့ရမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ နေအိမ် ပိုင်ရှင်ဖြစ်သူ ဒေါ်လေးကြည်(မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယညွှန်ကြားရေး မှူး)(၅၀နှစ်) သည် လည်းပင်း မှာလက်ကိုင်အဝါတပ်ပြီးဟင်းသီးဟင်းရွက်လှီးဓါး ထိုးစိုက်လျက်၊ဝဲဘက်ပါး ပြတ်ရှဒဏ်ရာ ၃ချက်၊ဝဲနဖူး ပြတ်ရှဒဏ်ရာ ၁ချက်တို့နဲ့ သေဆုံးနေတာတွေ့ရှိရပြီး နေအိမ်ဒုတိယထပ်က ခေါင်မိုးပေါ်တက် လှေကားခြေရင်းမှာအိမ်ဖော်ဖြစ်သူ မအေးသန္တာ(၃၈နှစ်)မှာပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေတာကို တွေ့ရှိရ တာကြောင့် နေအိမ်ပိုင်ရှင်ဖြစ်သူနဲ့ အိမ်ဖော်ဖြစ်သူတို့ကို လုပ်ကြံသတ်ဖြတ်ပြီး နေအိမ်ကိုမီးရှို့သွားခဲ့တာ လို့လည်း စုံစမ်းသိရှိရပါတယ်။