မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊၂၉လမ်းနဲ့ လမ်း၈၀ထောင့်က ….တည်းခိုခန်း (၆) ထပ်တိုက်၊ ဒုတိယထပ်ကနေ လမ်းပေါ်ကို အမျိုးသား(၁)ဦး ခုန်ချသေဆုံးမှုတစ်ခု သြ ဂုတ်လ၂၁ ရက်နေ့ ည၈နာရီက ဖြစ်ပွားခဲ့ တယ်လို့ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပေ၄၀လောက်အမြင့်ရှိတဲ့ တည်းခိုခန်းရဲ့ ဒုတိယထပ်ကနေ ခုန်ချခဲ့တာကြောင့် ခုန် ချခဲ့သူအမျိုးသားဟာ နှုတ်ခမ်း ဝဲ/ယာ ညိုမဲဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်/အူထွက်၊ ဝဲ/ယာ ခြေကျင်းဝတ် ကျိုးပဲ့ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ရတာပါ။

သေဆုံးသွားသူရဲ့ရုပ်အလောင်းကို ပရဟိ တဓါရီလူမှုကူညီရေးအသင်းက မော် တော်ယာဉ်နဲ့မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
တည်းခိုခန်းပေါ်ကနေခုန်ချသေဆုံးသွားခဲ့သူဟာ တည်းခိုခန်းပိုင်ရှင်ရဲ့သားဖြစ်ပြီ စိတ်ဝေဒနာခံစားနေရသူဖြစ်ကာ အသက် ၃၁ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။