မန္တလေးမှာ ဆိုင်ကယ်Taxiသမားက ခရီးသည်ကို ဓားထောက်လုယက်မှုဖြစ်ပွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊၃၉လမ်း×၈၃လမ်း၊ပေါင်းလဲတိုက်လမ်းကြားမှာသြဂုတ်လ၃ရက်ညပိုင်းက ဆိုင်ကယ်Taxi သမားက ခရီးသည်ကို ဓားထောက်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ကသိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၃ရက်ည၁၀နာရီခန့် အမျိုးသားတစ်ဦးဟာ မဟာအောင်မြေမြို့နယ်၊၄၁လမ်း၊ညကမ်းနားဈေးမှ ဆိုင်ကယ်Taxiငှားစီးခဲ့ရာ ဆိုင်ကယ်Taxiသမားဟာ ၊၃၉လမ်း×၈၃လမ်း၊ပေါင်းလဲတိုက်လမ်းကြားအရောက်မှာ ခရီးသည်အမျိုးသားကို ဓားထောက်ပြီး ဖုန်း၊ပိုက်ဆံအိတ်နဲ့ကျောက်ကြည့်ဓာတ်မီးတို့ကို လုယက်ပြီး ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

Photo– ကိုသက်ကြီးစိန်ပန်း

Leave a Reply

Your email address will not be published. Required fields are marked *