မန္တလေးမှာ (ဆ)ရပ်ကွက်အုပ်ချုပ်ရေး မှူးသေနတ်နဲ့ ပစ်သတ်ခံရ

အုပ်ချုပ်ရေးမှူးနဲ့အတူရှိနေတဲ့ တူဖြစ် သူပါ စိုးရိမ်ရဒဏ်ရာရရှိခဲ့

မန္တလေး၊ ဧပြီ ၃

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ် ကွက် ၊ ၁၃၁ လမ်းနဲ့ ၅၃(C)လမ်းထောင့်ရှိ လန်ဒန်၂၄နာရီဆေးခန်းရှေ့မှာ ဧပြီ လ၃ ရက် နံနက်၇နာရီ၃၀မိနစ်က (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခံ ခဲ့ရပြီး အုပ်ချုပ်ရေးမှူးနဲ့အတူ ရှိနေ တဲ့ တူ ဖြစ်သူအမျိုးသားတစ်ယောက်လည်း စိုးရိမ် ရကျည်ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

(ဆ)ရပ်ကွက်ရဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းဟန်ဟာ သူပိုင်ဆိုင်တဲ့ လန်ဒန်၂၄ နာရီဆေးခန်းရှေ့မှာရှိနေတဲ့အချိန် အမည် မသိအမျိုးသားလေးယောက် ရောက်ရှိလာပြီး သုံးယောက်က သေနတ်အတိုသုံးလက် ဦးစိုး မင်းဟန်ကို ၁၀ချက်လောက် ပစ်ခတ် ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခံနေရတဲ့အချိန်မှာ ဦးစိုးမင်း ဟန်ရဲ့ နံဘေးမှာ တူဖြစ်သူမျိုးဆန်းဦးဟာ လည်း အတူရှိနေတာမို့လို့ တူဖြစ်သူကိုပါ ကျည်ထိမှန်ခဲ့တယ်လို သိရပါတယ်။

သေနတ်ပစ်ခံရတာကြောင့် ဦးစိုးမင်းဟန် ဟာ ဝမ်းဗိုက်အလယ် ဖောက်ဝင်ဒဏ်ရာ (၁)ချက် ၊ ဝဲရင်အုံဖောက်ဝင်(၁)ချက် ၊ ရင်ညွန့်အလယ် ဖောက်ဝင်(၁)ချက် ၊ နောက်ကျောကုန်းဖောက်ဝင်(၃)ချက် ၊ ဝဲဘက်ဦးခေါင်း ဖောက်ဝင်(၁)ချက်တို့နဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး တူဖြစ်သူ မျိုးဆန်းဦး (၂၆နှစ်) ဟာလည်း ယာနောက်ကျောဘက် ရှေ့ဗိုက်မှ ဖောက် ဝင် ဒဏ်ရာ(၁)ချက် (စိုးရိမ်ရ)တို့ ရရှိခဲ့ တယ်လို့ သိရပါတယ်။

Visited 42 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *