မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်မှာ နေထိုင် တဲ့ ဆယ်ကျော်သက်အ ရွယ် ယောကျာ်း လေး၃ယောက်ဟာ ဇွန်လ၂ရက်နေ့ မနက် ၉နာရီခွဲက နေအိမ်ကနေ ဆိုင်ကယ်တစ် စီးနဲ့ ထွက်သွားပြီး ဇွန်လ၃ရက်နေ့ နေ့ လယ်ပိုင်းအထိ အိမ်ပြန်ရောက်မလာ သေးဘဲ ပျောက်ဆုံးနေတယ်လို့ သီရိဆင် ကာ ပရဟိတ လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သ တင်းထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့ နာမည်၊ မိဘအမည်နဲ့ နေရပ်လိပ်စာတွေကတော့ မောင်အောင်သိန်းဦး (၁၃)နှစ်၊အဖ – ဦးအောင်ဦး၊အမိ-ဒေါ်အုန်းသိန်း၊ အကွက် (၃၇၅) ၊ လက်ပံရပ်၊သံလျက်မော် အ နောက်ရပ်ကွက်၊ မောင်အောင်ခန့်ဇော် (ခ)Rကြီး (၁၂)နှစ်၊ အဖ ဦးမျိုးမင်းဇော်၊ အမိ-ဒေါ်မျိုးမျိုးအေး၊အကွက် (၃၇၄)၊ ပတ္တမြားရပ်၊သံလျက်မော်အနောက်ရပ်ကွက်နဲ့ မောင်ထွန်းဇေယျလင်း၊အဖ-ဦးအောင်မင်းကျော်၊ အမိ-ဒေါ်မြတ်စန္ဒ ကျော်၊လိပ်စာ-အကွက်(၃၇၉)၊ တောင် ငံပြာရည်ရပ်၊သံလျက်မော်အနောက်ရပ်ကွက်တို့ဖြစ်ကြပြီး ကလေးသုံးယောက် စလုံးဟာ CZI (ခဲ/နက်) 53W – 98845 ဆိုင်ကယ်နဲ့ ဇွန်လ၂ရက်နေ့ မနက် ၉နာရီခွဲမှာ နေအိမ်ကနေ ထွက်သွားပြီး အိမ်ပြန်ရောက်မလာတော့ဘဲ ပျောက် ဆုံးနေတာလို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ကလေး၃ယောက်ကို တွေ့ရှိပါက မိဘများရဲ့နေရပ်လိပ်စာနဲ့ သီရိဆင်ကာ ပရဟိတ လူမှုကူညီရေး အသင်း၊အမရပူရမြို့နယ်၊ငယ်တိုးတိုက်နယ် ဆင်ကာရပ် ဖုန်းနံပါတ် 092001580နဲ့ 09 776800772တို့ကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။

