မန္တလေးမှာ ငွေကျပ်၁ဒသမ၈ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နဲ့အမရပူရမြို့နယ်တို့မှာငွေကျပ် ၁ဒသမ၈ဘီလီယံတန်ဖိုး ရှိတဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဇွန်လ ၂၁ရက်နေ့ကသယ်ဆောင်ရောင်းဝယ်ရာမှာ ပါဝင်သူလေးယောက်နဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ် နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ၂၁ရက်နေ့ကညနေ၅နာ ရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူး ပေါင်းအဖွဲ့ဟာ သတင်းအရ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၁၃၃ လမ်း၊ ၆၅လမ်းနဲ့၆၆ လမ်းကြားမှာ မြင့် ကျော်(ခ)ညီပု၊ ဇင်မာဦး နဲ့ နန်းစန္ဒာစိုး တို့ ၃ ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း၊ မော်တော်ဆိုင်ကယ် ၁ စီးနဲ့အ တူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိတရားခံ မြင့်ကျော် (ခ)ညီပုနဲ့သူ့ရဲ့ဇနီး မဇင်မာဦးတို့ နေထိုင်တဲ့ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ၁၄၂ လမ်း၊ ၆၅လမ်းနဲ့၆၆လမ်းကြားက နေအိမ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ သိန်း ဆက်လက်သိမ်းဆည်းရမိခဲ့တာ ကြောင့်စုစုပေါင်းဒေသကာလတန်ဖိုး ငွေ ကျပ် ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ စိတ် ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကို သိမ်း ဆည်း ရမိခဲ့တာဖြစ်ပြီးကွင်းဆက်ဖော် ထုတ်ချက်အရ ဇွန်လ၂၂ရက်နေ့ည၈နာ ရီအချိန်မှာ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၄လမ်းနဲ့ ၈၅ လမ်းကြားမှာ သိမ်း ဆည်းရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ

သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်း ပါဝင်သူ တင်မောင်စိုး(ခ)ရန်ချန်းကျ(ခ) အားတီကို ဆက်လက်ဖမ်းဆီးရခဲ့တာ ဖြစ် ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ ရှမ်းပြည်နယ်ကနေ ရခိုင် ပြည်နယ်ကိုပို့ဆောင်မယ့် စိတ်ကြွရူးသွပ် ဆေးပြားတွေ ဖြစ်တယ်လို့လည်း သိရပါ တယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ တာနဲ့ပတ်သက်ပြီး သယ်ဆောင်ရောင်း ဝယ်ရာမှာ ပူးပေါင်းပါဝင်သူ လးယောက် ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေ တဲ့ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေး ယူသွားမည့်အပြင် ကွင်းဆက်ပြစ်မှုကျူး လွန်သူများကိုလည်းစစ်ဆေးဖော်ထုတ် နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *