မန္တလေးမြို့၊ချမ်အေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၊၃၃လမ်း၊၇၃လမ်းနှင့်၇၄လမ်းကြား၊ အမှတ်(111-B)က Coffeeဆိုင်ဖွင့်ဖို့ ငှားရမ်း ထားတဲ့ RCအဆောက်အဦထဲမှာ စက်တင်ဘာလ၈ရက်ည၉နာရီ၄၀မိနစ်က ဂက်စ်အိုးပိုက်ပြုတ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး ခန္ဓာကိုယ်အနှံ့အပြား မီးဟပ်ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ဖြစ်စဉ်မှာ စက်တင်ဘာလ၈ရက်ည၉နာရီ ၄၀မိနစ်က ဦး…ပိုင်ဆိုင်တဲ့ ချမ်အေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၊ ၃၃ လမ်း ၊၇၃ လမ်းနှင့်၇၄လမ်းကြား၊အမှတ်(111-B)က RC၃ထပ်အဆောက်အဦကို Coffeeဆိုင်ဖွင့်လှစ်ဖို့ငှားရမ်းထားတဲ့ မီးဖိုဆောင်အတွင်းရှိဂက်စ်အိုး(၃)လုံးအနက် အကြီးဆုံးအလုံးက ဂက်စ် ပိုက်ပြုတ်နေလို့ ပြန်တပ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်နှစ်လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ရတာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုကြောင့် ငှားရမ်းနေထိုင်သူမင်းမင်း
ကျော် (၂၇ နှစ်)၊ဆိုင်အလုပ်သမားများဖြစ်တဲ့ စိုင်းချစ်အောင်(၂၇နှစ်)၊သီဟန်(၂၄နှစ်)၊ဗညား ဇော် (၁၆ နှစ်)တို့မှာ ခန္ဓာကိုယ် အနှံ့ မီးဟပ်ခံခဲ့ရပြီး (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သတ်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့သူ မင်းမင်းကျော်(၂၇နှစ်)ကို အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။