မန္တလေးမှာ ချမ်းမြသာစည်လဝကရုံး နဲ့ချမ်းမြသာစည်တောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတို့ ဗုံးထုတိုက်ခိုက်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ချမ်းမြ သာစည်(တောင်)ရပ်ကွက်၊အကွက်(၉၀၂)မှာတည်ရှိတဲ့ ချမ်းမြသာစည်မြို့နယ် လ ဝကရုံးနဲ့ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို သြဂုတ်လ(၁၈) ရက် မွန်းလွဲ၃နာရီကျော်က လက်ပစ်ဗုံးနဲ့ ဗုံးထုတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ သ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်လဝကရုံးကို ဗုံးထုတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ဗုံးပေါက်ကွဲ မှုကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် ချမ်းမြသာစည်တောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးထုတိုက်ခိုက် ခံရမှုဖြစ်စဉ်မှာတော့ ရုံးရှေ့က ဘယ်ရီ ဂိတ်အနီးမှာကျရောက်ပေါက်ကွဲခဲ့ပြီး ထိ ခိုက်ဒဏ်ရာရရှိမှုနဲ့ပျက်စီးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီရုံးနှစ်ရုံးစလုံးကို အမည်မသိ လူငယ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီနဲ့ ရောက်ရှိလာပြီး လက်ပစ်ဗုံးနဲ့ ပစ်ပေါက် ပြီး ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်လဝကရုံးကို ဗုံးထုတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ် ရာရရှိခဲ့သူတွေကတော့ ရွှေကရင်လက် ဖက် ရည်ဆိုင်ဆိုင်ရှင် ဒေါ်နှင်းနှင်း အေး(၄၆နှစ်၊အကွက်၉၀၂၊ချမ်းမြသာ စည်တောင်ရပ်ကွက်)မှာ ဝဲ/ယာ ခြေ ထောက် ၂ ဖက် ဗုံးစထိမှန်ဒဏ်ရာ၊ ယာ ပေါင် ဗုံးစထိမှန်ဒဏ်ရာ၊ ယာခြေဖမိုး ဗုံး စထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်မြင့်မာ (၆၇နှစ်၊ဆိုင်ကယ်စတင်း၊အောင်သာ ယာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်)မှာ ဝဲ/ယာရင်ဘတ် ဗုံးစထိမှန် ဒဏ်ရာ (မစိုး ရိမ်ရ)၊ ဇော်မင်းထိုက်(၃၆နှစ်၊ဆိုင် ကယ်စတင်း၊အောင်သာယာရပ်ကွက်၊ ချမ်းမြ သာစည်မြို့နယ်)မှာ ဝဲပါး ဗုံးစထိ မှန် ဒဏ်ရာ၊ ဝမ်းဗိုက် ဗုံးစထိမှန် ဒဏ် ရာ၊ ဝဲ/ယာ ခြေထောက်နှစ်ဖက် ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ် ရ)၊ ဒေါ်ကြည်ဌေး (၅၄နှစ်၊ အကွက်၉၀၂၊ ချမ်းမြသာစည် တောင်ရပ်ကွက်)မှာ ဝဲ/ယာ ခြေသလုံး ၂ ဖက် ဗုံးစ ထိမှန် ဒဏ်ရာ၊ ဝဲဘက်ဆီးခုံ ဘေး ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ စိုးကျော်ကျော်(၂၆နှစ်၊ ဈေး ရောင်း၊ ဇီးကုန်းရွာ၊ပုသိမ်ကြီးမြို့နယ်)မှာ မေးစေ့ ဗုံးစထိမှန် ဒဏ်ရာ၊ ဝဲ/ ယာလက်ဖျံ ဗုံး စထိမှန် ဒဏ်ရာ၊ ဝဲ/ယာခြေသလုံး ဗုံးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊မစုမြတ်မွန် (၂၄နှစ်၊ဈေးရောင်း၊ ဇီးအုပ်ကွက်သစ်၊ ပြည်ကြီးတံခွန်မြို့ နယ်)မှာ ဝဲဘက်ရင်အုံ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဖိုးလပြည့် ( ၁၆နှစ်၊ကျောင်းသား၊ဇီးအုပ်ကွက် သစ်၊ ပြည်ကြီးတံခွန်မြို့နယ်)မှာ ယာဘက် လက်ခလယ် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ် ရ)တို့ဖြစ်ကြပြီးထိခိုက်ဒဏ်ရာရရှိသူများအား လူနာတင်ယာဉ်များနဲ့ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *