မန္တလေးမှာ ကျပ်သိန်း၆၆၀၀တန်ဖိုး ရှိတဲ့ ဘိန်းဖြူတွေဖမ်းဆီးရမိ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၆၂ လမ်းနဲ့ ၆၁ လမ်းကြား၊ ၁၀ လမ်းက မန္တလေးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ ဒေါနဘွားကားကွင်းထဲမှာ မောင်းနှင်လာတဲ့ LAND CRUISER ကား တစ်စီးပေါ်ကနေ ငွေကျပ်သိန်း၆၆၀၀တန် ဖိုးရှိတဲ့ ဘိန်းဖြူတွေကို မေလ၇ရက်နေ့ နံနက်၆နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ် နှင်းရေးရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အနေနဲ့ ဒေါနဘွားကားကွင်းထဲမှာ သတင်း အရ စောင့်ဆိုင်းဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဘိန်းဖြူတွေသယ်လာတဲ့ကားကို ရန်ပိန်းတာ(ခ)အားချိန် မောင်းနှင်ပြီး တွမ်ကွမ်းဆေ(ခ)အားဆေ လိုက်ပါ လာကာ ဘိန်းဖြူတွေကို ယန်ပိန်ဟောက်(ခ)ထွန်းစောအောင်၊ ခင်လေးမြိုင်(ခ)မနွယ် နှင့် မကြည်ဝင်း တို့ဆီ လွှဲပြောင်းနေချိန်မှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ဘိန်းဖြူတွေဟာ ၂၆ ဒသမ ၄ ကီလိုရှိ ပြီး ဆပ်ပြာခွက် ၂၆၄၀ ခွက်ထဲမှာ ထည့်ပြီးသယ်ဆောင်လာကြတာပါ။ ဘိန်းဖြူ တွေရဲ့ကာလတန်ဖိုးက ငွေကျပ်သိန်း၆၆၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဘိန်းဖြူတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ န်ပိန်းတာ (ခ)အားချိန်၊ တွမ်ကွမ်းဆေ(ခ)အားဆေ ၊ယန်ပိန်ဟောက်(ခ)ထွန်းစောအောင်၊ ခင်လေးမြိုင်(ခ)မနွယ် နှင့် မကြည်ဝင်းတို့ကိုမူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားတယ်လို့ လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *