မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ငွေတော်ကျီကုန်းရပ်ကွက်မှာ စက်တင်ဘာလ၁၃ရက်နေ့က ကာလပေါက်ဈေး ငွေကျပ်သိန်း၅၅၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူ(၂.၂)ကီလိုကု မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ၁၃ရက် နံနက်၁၁ နာရီ၃၀မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဟာ သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၇၅ x ၇၆ လမ်းကြား၊ ၁၁၇ လမ်းမှာ လမ်းလျှောက်လာသူ ဇော်မိုးသက်(ခ)ကိုသက်ကို စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာတဲ့ ဆာလာအိတ်အတွင်းက ဆပ်ပြာခွက်များနဲ့ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို လည်းကောင်း၊နေ့လယ်၁၂ နာရီမှာ ၎င်းနေထိုင်တဲ့ ပြည်ကြီးတံခွန်မြို့ နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်က နေအိမ်အတွင်းမှာ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၅၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ မွန်းလွဲ၁နာရီ၃၀မိနစ်မှာ ဘိန်းဖြူများ သယ်ဆောင်ရာမှာ ပူးပေါင်းပါ ဝင်သူ သိန်းရွှေ(ခ)ပါဆယ်ကို ပုသိမ်ကြီးမြို့ နယ်၊ အုန်းချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းမှာ ဆီဘောက်ဆာယာဉ်နှင့်အတူ လက်ကိုင်ဖုန်း ၁ လုံးတို့ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဇော်မိုးသက်(ခ)ကိုသက် (၂၇) နှစ်နှင့်သိန်းရွှေ(ခ)ပါဆယ်(၄၉)နှစ်တို့အား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့လည်း သိရပါတယ်