မန္တလေးမြို့မှာ ဇန်နဝါရီလ၁၈ရက်နေ့ မွန်းလွဲ၁နာရီခန့်က မြို့ပြင်က အပန်းဖြေစခန်းများရှိတဲ့ ၇မိုင်ဘက်ကိုသွားဖို့ ကားငှားစီးသွားသူများက ယာဥ်မောင်းကိုသတ်ပြီး ကားကို လုယက်သွားတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၁၉ရက် နေ့လယ်၁နာရီခွဲခန့်က ပြင်ဦးလွင်မြို့နယ်၊ရဲရွာရေအားလျှပ်စစ်သွားကားလမ်း ၁၃မိုင်၊မန် ကျည်းအင်းကျေးရွာအနီးက မြစ်ကမ်းဘေးမှာ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့တာကြောင့် ဆက်သွယ်စုံစမ်းခဲ့ရာ သေဆုံးနေသူမှာ မန္တလေးကနေ ကားငှားစီးခဲ့သူများက သတ်ခံခဲ့ရတဲ့ ယာဥ်မောင်းအမျိုးသားဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။



” ည ၈ နာရီကျော်တဲ့အထိ အိမ်ပြန်မရောက်သေးလို့ မိသားစုနဲ့အတူ လိုက်ရှာကြတာ။ CCTV ကြည့်, ကြည့်တော့ အုန်းချောဂိတ်က အသွားမှာတော့ ယာဉ်မောင်းကို တွေ့ရတယ်။ ညနေ လေးနာရီလောက် မြို့ထဲကိုပြန်ဝင်တော့ ကားထဲမှာ ယာဉ်မောင်းကို မတွေ့ရဘူး။ ကားငှားသွားတဲ့ လူငယ်လေးဦးလို့ ယူဆရတဲ့ သူတွေကိုပဲ တွေ့ရတယ်။ အလောင်းတွေ့တယ်လို့ သတင်းရတာ။ကားကခုထိမတွေ့သေးဘူး” လို့ မိ သားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။
ယာဥ်မောင်းကိုသတ်ပြီး လုယက်ခံခဲ့ရတဲ့ကားနံပါတ်မှာ Suzuki Ertiga အမျိုးအစား MDY 9P- 4526 မော် တော်ယာဉ်ဖြစ်ပြီး တွေ့ရှိပါက သက်ဆိုင်ရာနယ်မြေရဲ စခန်းများကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။



