မန္တလေးမှာ ကားဂီယာဘောက်ထဲ ဝှက်ပြီး သယ်လာတဲ့လက်နက်ခဲယမ်းများ ဖမ်းမိ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၊ မင်းတဲအီကင်းရပ် ကွက်၊ လမ်း၉၀ ၊၂၁လမ်းနဲ့၂၂ လမ်းကြားမှာ ဖေ ဖော်ဝါရီ လ၄ရက်ညနေပိုင်းက ကားဂီယာဘောက်ထဲ ဝှက်ပြီး သယ်လာတဲ့လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာဖေဖော်ဝါရီ လ၄ရက်ညနေပိုင်းက အောင်မြေသာစံမြို့နယ်၊၊ မင်းတဲအီကင်းရပ် ကွက်၊ လမ်း ၉၀ ၊၂၁လမ်းနဲ့၂၂ လမ်းကြားမှာ လက်နက်/ခဲယမ်းများကို ကားဂီယာဘောက်အတွင်း ထည့်သွင်းပြီး ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့ကို သယ် ဆောင်နေတယ်လို့ သ တင်းရရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးခဲ့ရာ သီတာစိုး(ခ)မစိုး နှင့် တိုးညွန့်တို့ဆီကနေ ကားဂီယာဘောက်အဟောင်းအ တွင်း သိုဝှက်သိမ်းဆည်းထားတဲ့ SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၀၀ တောင့်နဲ့ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့ကို ဖမ်းမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၇၀)၊ ၁၂(ဘီ) လမ်းနှင့် ၈၇ လမ်းထောင့်မှာ ကေခိုင်(ခ)ကေကေ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

မန္တလေးမှာ ဖမ်းမိခဲ့တဲ့လက်နက်ခဲယမ်းတွေဟာကရင်ပြည် နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကသယ်ဆောင်လာတာဖြစ်ပြီး၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ခဲယမ်းများကို ၄ ကြိမ် ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *