မန္တလေးမှာ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပူဇော်သောအားဖြင့် သံ ဃာအပါး(၁၀၀၀၀)ကျော်ဆွမ်းလောင်းလှူပွဲကျင်းပ

လေးပြင်လေးရပ်က သံဃာတော်အရှင်သူမြတ် (၁၀၂၇၂) ပါးကို ဆွမ်း၊ဆွမ်းဟင်းနဲ့လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့တာဖြစ်

မန္တလေးမြို့၊အောင်မြသာစံမြို့နယ်၊ကျုံးလေးပြင် လေးရပ်မှာ မေလ၂၂ရက်မနက်ပိုင်းက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပူဇော်သောအားဖြင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ဌာနဆိုင်ရာနဲ့အလှူရှင်ပြည်သူများ စုပေါင်းကာ လေးပြင် လေးရပ်က သံဃာတော်အရှင်သူမြတ်အပါး(၁၀၀၀၀)ကျော်ကို စုပေါင်း ဆွမ်းလောင်းလှူပွဲကို ကျင်းပခဲ့ပါတယ်။

“ဒီနှစ်က သာသနာတော်နှစ်၂၅၆၈နှစ်ဖြစ်တာကြောင့် ကျုံး တစ်ဘက်ကို သံဃာ(၂၅၆၈)ပါး၊ကျုံးလေးဘက်ဆိုတော့ စုစုပေါင်း(၁၀၂၇၂)ပါးကို အစိုးရအဖွဲ့နဲ့အလှူရှင်တွေ စုပေါင်းပြီး ဆွမ်း၊ဆွမ်းဟင်း၊လှူဖွယ်ပစ္စည်းနဲ့နဝကမ္မဝတ္ထုငွေ လောင်းလှူခဲ့တာပါ။သာသနာတော်နှစ်အတိုင်း ကျုံးလေးဘက်မှာ သံဃာအပါး(၁၀၀၀၀)ကျော် ဆွမ်း၊ဆွမ်းဟင်းနဲ့လှူဖွယ်လောင်းလှူခဲ့တာ ဒီနှစ်အပါအဝင်(၃)နှစ်ရှိပြီဖြစ်ပါတယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မန္တလေးကျုံးလေးပြင်လေးရပ်မှာ ကဆုန်လပြည့်နေ့တိုင်း သာသနာတော်နှစ်၂၅၆၆(၂၀၂၂)မှာ သံဃာ(၁၀၂၆၄) ပါး၊သာသနာတော်နှစ်၂၅၆၇(၂၀၂၃)မှာ သံဃာ(၁၀၂၆၈) ပါနဲ့ ယခု သာသနာတော်နှစ် ၂၅၆၈(၂၀၂၄)မှာ သံဃာ(၁၀၂၇၂) ပါးတို့ကို ဆွမ်းလောင်းလှူပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

Visited 32 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *