ဖေဖော်ဝါရီ ၂၇
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ၅၂ လမ်း၊ ၁၃၉ လမ်းရှိဂိုဒေါင်မှာ တရားမဝင် သိုလှောင်ထားပြီး ဆာ လာအိတ် အလုံး၂၀၀နဲ့ထည့်ထားတဲ့ ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ တန်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်
ဖေဖော်ဝါရီလ ၂၃ရက်နေ့ညနေပိုင်းကသတင်းအရ သွား ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ကဖင်းများမှာ မန္တလေးတိုင်းဒေသကြီးကနေ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို သယ်ဆောင်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်းနှင်းရေးဗဟိုကော်မတီက ဖေဖော်ဝါရီလ၂၇ရက်နေ့ညပိုင်းက အသိ ပေးထားပါတယ်။
ဖမ်းဆီးရမိခဲ့သူအမျိုးသားကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။
Visited 16 times, 1 visit(s) today



