မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၅၉လမ်းနဲ့၁၁၀(A)လမ်းထောင့်မှာ စက်တင်ဘာလ၂ ရက်နေ့မနက်၇နာရီ၄၅မိနစ်က မန္တလေးမြို့သစ်ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌဦးမော်ကြီးဆိုသူကို အမည်မသိလူငယ်အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်သတ်တာကို ခံခဲ့ရပြီး ဦးမော်ကြီးကို သေနတ်နဲ့ပစ်ခတ်ရာမှာ အနီးက ဝက်သားရောင်းနေသူအမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ၂ရက်နေ့ နံနက်၇နာရီ၄၅မိနစ်က မန္တလေးမြို့သစ်ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌဦးမော်ကြီးဟာ ၅၉လမ်းနဲ့ ၁၁၁လမ်းထောင့်က စိန်မေတ္တာ လက်ဖက်ရည်ဆိုင်ကနေ လက်ဖက်ရည်သောက်ပြီးကလစ်နီ/နက် ရောင်ဆိုင်ကယ်နဲ့ ၅၉လမ်းအတိုင်းတောင်ကနေ မြောက်ကို မောင်းနှင်လာ ချိန် ၅၉လမ်းနဲ့၁၁၁အေလမ်းထောင့်အရောက်မှာ လားရာတူ နောက်မှလိုက်လာတဲ့CZI အနက်ရောင် အမျိုး အစား(နံပါတ်မပါ) ဆိုင်ကယ်နဲ့ အမည်မသိလူငယ်အမျိုးသား (၂)ဦးက သေနတ်တိုဖြင့် ပစ်ခတ်ခဲ့ရာ ဦးမော်ကြီးဟာ ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက် ၊ယာဘက်ရင်အုံ ကျည်ဖောက်ဝင် ဒဏ်ရာ ၂ချက်၊ယာဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ကျောကျည် ဖောက်ဝင်ဒဏ်ရာ ၂ချက်တို့နဲ့ သေဆုံးသွားပြီး ပစ်ခတ်မှုဖြစ်ပွားနေချိန် အနီးမှာရှိနေတဲ့ ဝက်သားရောင်းသူဒေါ်ဌေးဌေးမှာ ယာဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။