မန္တလေးမြို့လယ်က ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရ

မန္တလေးမြို့လယ် မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားက ပေါ်ဦး ရွှေဆိုင်မှာ အောက် တိုဘာ လ၃၀ရက် မနက်၈နာရီလောက်က ဓါးပြတိုက်ခံရပြီး ကျပ်သိန်း၁၂၀၀လောက်ကို ဓါးပြအဖွဲ့က ယူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ လ၃၀ရက် မနက်၈နာရီလောက်က မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်း ကြားက ပေါ်ဦးရွှေဆိုင်ကို ဆိုင်ကယ်(၂)စီးနဲ့အမည်မသိအမျိုးသား(၄)ဦး သေနတ်အတို(၁) လက် ကိုင်ဆောင်ကာ ရွှေဆိုင်အတွင်း ဝင်ရောက်လာခဲ့ပြီးသေနတ်နဲ့(၂)ချက် ပစ်ဖောက်ကာ ရွှေဆိုင်ကောင်တာအတွင်းက ဆွဲကြိုး (၄၀)ကုံး ခန့်၊ ရွှေကလစ် (၃၀)ခုခန့်၊ စုစုပေါင်းတန်ဖိုးငွေသိန်း ၁၂၀၀ ကျပ်လောက်ကို ဓားပြတိုက်ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *